BEC-TERO TV

အာဆီယံနိုင်ငံများ သီချင်းဆိုပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် နီနီခင်ဇော် ဒုတိယဆု အရယူခဲ့နိုင်

21 Aug 2017     2,047 Views


အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ထူထောင်မှုနှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် အာဆီယံနိုင်ငံများနှင့် ဧည့်သည်နိုင်ငံ သုံးနိုင်ငံ (ASEAN + 3) သီချင်းဆိုပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် နီနီခင်ဇော် နှင့် အောင်ထက်တို့ သွားရောက်ယှဉ်ပြိုင်ခဲ့ရာ နီနီခင်ဇော်မှ ဒုတိယဆု ရရှိခဲ့ကြောင်း သတင်းရရှိသည်။


အဆိုပါပြိုင်ပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် တရုပ်၊ ကိုရီးယား နဲ့ ဂျပန်နိုင်ငံတို့ကပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယဆု နှစ်ဆုကို မြန်မာနိုင်ငံ နှင့် ဗီက်နမ်နိုင်ငံ၊ တတိယဆု နှစ်ဆုကို ဗီယက်နမ်နိုင်ငံ နှင့် ဖိလစ်ပိုင်နိုင်ငံတို့က ရရှိခဲ့ပါတယ်။


နီနီခင်ဇော်က “မျှော်လင့်ချက် တစ်စုံတစ်ရာ” သီချင်းဖြင့် မြန်မာနိုင်ငံ ကိုယ်စားပြု ဒုတိယဆု ရရှိခဲ့တာဖြစ်ပါတယ်။ ကွန်ဂရက်ကျူလေးရှင်းပါ နီနီရေ..။

 




 


21 Aug 2017     2,047 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS