BEC-TERO TV

ဈေးကွက်တွင် ငါးဝင်ရောက်မှုများလာတာကြောင့် ငါးဈေးပြန်ကျ

21 Aug 2017     1,523 Views


ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကနေ ဆက်တိုက်မြင့်တက်လာတဲ့ ငါးဈေးနှုန်းကြောင့် ငါးမွေးမြူရေး လုပ်ငန်းရှင်တွေ ငါးကန်တွေအပြိုင်အဆိုင်ဖော်ကာ ငါးဒိုင်တွေကိုသွင်းနေတယ်လို့သိရပါတယ်။ ဒီလိုသွင်းနေမှုကြောင့် ဈေးကွက်အတွင်းငါးဝင်ရောက်မှုများလာပြီး ငါးဈေးနှုန်းပြန်လည် ကျဆင်းသွား တယ်လို့ ဗဟိုစံပြငါးဈေးကနေသိရပါတယ်။ ဗဟိုစံပြငါးဈေးကို တစ်နေ့ပျှမ်းမျှ ငါးပိဿာချိန်နှစ်သိန်းဝန်းကျင်နေ့စဉ် ၀င်ရောက် လေ့ရှိပြီး သြဂုတ်လဆန်းကစပြီးတော့ ငါးပိဿာချိန်နှစ်သိန်းနှစ်သောင်းကနေ နှစ်သိန်း ခြောက်သောင်းကျော်အထိ ၀င်ရောက်နေတယ်လို့သိရပါတယ်။

ဒီလိုတင်သွင်းလာတာတွေကြောင့် ဈေးကွက်မှာငါးပေါများလာပေမဲ့ ၀ယ်ယူသူ ကတော့ရှားပါးလာပြီး ငါးဈေးနှုန်းကျဆင်းသွားတာဖြစ်တယ်လို့သိရပါတယ်။သြဂုတ်လဆန်းပိုင်းက ငါးဈေးမြင့်တက်ခဲ့မှုတွေက တစ်ဆင့်ပြန်ယူရောင်းရတဲ့ လက်လီဈေးကွက်မှာသာမြင့်တက်ခဲ့တာဖြစ်ပြီး လက်ကားဈေးကွက်မှာဈေးနှုန်းသိသိသာသာ ပြောင်းလဲမှုမရှိခဲ့ဘူးလို့သိရပါတယ်။

ငါးကြင်းနဲ့ငါးမြစ်ချင်းဈေးနှုန်းတွေက ပြီးခဲ့တဲ့ဇူလိုင်လမှာ တစ်ပိသာကိုငွေကျပ် (၈၀၀၀)လောက်ဈေးရခဲ့ပြီး လက်ရှိမှာတော့ ငွေကျပ်(၆၀၀၀)ကျော်နဲ့ရောင်းချနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ငါးဈေးမြင့်တက်ခဲ့ရတာက ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ငါးဝယ်ယူစားသုံးသူတွေများလာသလို ငါးဒိုင်တွေကိုငါးအ၀င်နည်းတဲ့ကာလနဲ့တိုက်ဆိုင်သွား တာ ကြောင့်ဖြစ်တယ်လို့သိရပါတယ်။


21 Aug 2017     1,523 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS