မြောက်ကိုရီးယားကို ဒုံးကျည်အင်ဂျင်နည်းပညာထောက်ပံ့သည်ဆိုသော စွပ်စွဲချက် ကို ယူကရိန်းငြင်းဆို
21 Aug 2017 1,353 Views
မြောက်ကိုရီးယားနိုင်ငံက စမ်းသပ်ပစ်လွှတ်နေတဲ့ဒုံးကျည်တွေရဲ့အင်ဂျင်နည်းပညာကို ယူကရိန်းလက်နက်စက်ရုံတစ်ရုံကနေရရှိခဲ့တာဖြစ်နိုင်တယ်ဆိုတဲ့စွပ်စွဲချက်တွေကို ယူကရိန်း နိုင်ငံဘက်က ငြင်းဆိုလိုက်ပါတယ်။ ပြုံရမ်းက မကြာသေးခင်တုန်းက တိုးတက်အောင်လုပ်ဆောင်ထားနိုင်တဲ့ တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တွေမှာ ယခင်ဆိုဗီယက်ခေတ်ကုန်ပြီးနောက် ယူကရိန်းစက်ရုံတစ်ရုံတွင် ထုတ်လုပ်ခဲ့ပြီး ရုရှားနိုင်ငံကိုပို့ခဲ့တဲ့ ဒုံးပျံအင်ဂျင်တွေကို ပြန်လည်မွမ်းမံအသုံးပြုထားခြင်း ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ယူကရိန်းဘက်က ငြင်းဆိုလိုက်ပါတယ်။ယူကရိန်းအရာရှိတစ်ဦးကတော့ ဒုံးပျံအင်ဂျင်တွေကို တင်ပို့တဲ့လုပ်ထုံးလုပ်နည်းတွေကို ကွက်ကျော်ရိုက်ဖို့ဆိုတာမဖြစ်နိုင်တာကြောင့် မြောက်ကိုရီးယားကသုံးနေတယ်ဆိုတဲ့ ဒုံးပျံအင်ဂျင်တွေဟာ ရုရှားမှာတစ်စစီဖျက်လိုက်တဲ့ ဒုံးပျံအင်ဂျင် တွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။
ဒုံပျံအင်ဂျင်တွေနဲ့ပတ်သက်တဲ့ အခုလိုအငြင်းပွားဖွယ်အစီရင်ခံစာကို လေ့လာတင်ပြ ခဲ့တဲ့ပညာရှင်ကတော့ မြောက်ကိုရီးယားက ဒုံးပျံအင်ဂျင်နည်းပညာရသွားတာဟာ ယူကရိန်းနိုင်ငံထဲက ဖြစ်နိုင်သလို ရုရှားနိုင်ငံကလည်းဖြစ်နိုင်တယ်လို့ပြောပါတယ်။သုံးသပ်သူတစ်ချို့ကတော့ မြောက်ကိုရီး ယားဟာ သူရဲ့ကိုင်ပိုင်နည်းပညာနဲ့အင်ဂျင်တွေကိုတည်ဆောက်နိုင်နေပြီဆိုပြီး သုံးသပ် နေကြတာမျိုး တွေရှိပေမယ့် ဒီအငြင်းပွားဖွယ်စွပ်စွဲချက်တွေကို စုံစမ်းမယ်ဆိုတဲ့ ယူကရိန်းရဲ့ဆုံးဖြတ်ချက်ဟာ ကောင်းမွန်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
ယူကရိန်းအပေါ်စွပ်စွဲချက်တွေဟာ မြောက်ကိုရီးယားက ပစိဖိတ်သမုဒ်္ဒရာထဲက အမေရိကန်ရေပိုင်နက်ထဲမှာရှိတဲ့ ဂူအမ်ကျွန်းကို ဒုံးကျည်နဲ့ပစ်ခတ်မယ်ဆိုတဲ့အစီအစဉ်ကို ထုတ်ပြန် ကြေညာပြီးနောက်မှာ ထွက်ပေါ်လာတာပါ။ယူကရိန်းလေ့လာသုံးသပ်သူတစ်ချို့ကတော့ အခုစွပ်စွဲချက် တွေကြောင့် ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေကို ကာကွယ်ရေးအတွက် အမေရိကန်က ယူကရိန်းကို လက်နက်ရောင်းချမှုအပေါ်သက်ရောက်မှုရှိနိုင်တယ်ဆိုပြီး သုံးသပ်ပါ တယ်။