တရုပ်နှင့် အိန္ဒိယနယ်စပ်တွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်သည့် ဗီဒီယို အွန်လိုင်းတွင်ပေါက်ကြား
21 Aug 2017 1,285 Views
ဟိမဝန္တာတောင်တန်းအနီးရှိ အိန္ဒိယ တရုပ် နယ်စပ်စည်းရိုးတွင် ပြီးခဲ့သည့်အပတ်က အပြန်အလှန်ပစ်ခတ်ခဲ့သည့် ဗီဒီယို အွန်လိုင်းပေါ်တွင် ပေါက်ကြားခဲ့သည်။
သြဂုတ်လ ၁၅ ရက်နေ့က ပန်ဂွန်းရေကန် ကမ်းစပ်နားတွင် နှစ်ဖက်စစ်သားများ သေနတ်အစား ကျောက်တုံး ကျောက်ခဲများနှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည့် ဗီဒီယိုကို The Print ဆိုသည့်အကောင့်မှ အွန်လိုင်းပေါ် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယကာကွယ်ရေးတပ်မှ အရာရှိတစ်ဦးက တရုပ်စစ်တပ်မှ အဖွဲ့တစ်ဖွဲ့ က နယ်ခြားမျဉ်းကို အတင်းဝင်ရောက်ဖြတ်ကျော်ရန် နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြသည့်အတွက် တားဆီးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ပြသနာအသေးစားလေးပါ၊ တရုပ်ဘက်က ကျောက်ခဲတွေနဲ့ အရင်စပစ်တာပါ။ ဖြစ်ပြီးသိပ်မကြာခင် အခြေနေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်” ဟု အိန္ဒိယဘက်မှ ဗိုလ်ချုပ်တစ်ဦးက ပြောကြားသည်။