ပွတ်လိုက်တာနဲ့ ရောဂါတွေပျောက်တယ်လို့ နာမည်ကြီ:နေတဲ့ ကလေးလေး
21 Aug 2017 1,584 Views

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် အသက် ၆ နှစ်အရွယ်သာ ရှိသေးသော ကလေးတစ်ဦးက သူ၏ လက်ဖြင့် ပွတ်သပ်လိုက်ရုံဖြင့် ရောဂါဝေဒနာများကင်းပျောက်သည်ဟု နာမည်ကြီးကာ လာရောက် ကုသခံယူသူများပြားလျှက်ရှိကြောင်း သိရှိရသည်။

ပေါင်းတည်မြို့နယ် ကြာနီကန်ကျေးရွာအုပ်စု ရှားပေါင်ရွာမှ အသက်(၆)နှစ်အရွယ် မောင်ထွန်းတေဇအောင်သည် သူ၏ လက်ကလေး ဖြင့် ပွတ်သပ်ပေးလိုက်ရုံဖြင့် နာကျင်ကိုက်ခဲ ဝေဒနာရှင် များ လေငန်းရောဂါသည်များ၊ အဖုအကြိတ်၊ မျက်စိ၊ နား၊ လည်ပင်း ဗိုက်အောင့်ဗိုက်နာဝေဒနာများ ပျောက်ကင်းပါသဖြင့် နေ့စဉ်အနယ်နယ်အရပ်ရပ်မှ ဝေဒနာရှင်များလာရောက် ဆေးကုသလျှက်ရှိကြောင်းကို လူမှုကွန်ယက်ရှိ Ko Aung Moe Win အကောင့်တွင် ဖော်ပြထားကြောင်း သိရှိရသည်။










