ဒေါ်လာ ၂.၆ သန်းတန် ဘူဂတ်တီကား အသစ်စက်စက်ကို ပါကင်ဖွင့်ရုပ်သံ
22 Aug 2017 1,941 Views
Bugatti ကားဟာ ဈေးကြီးလွန်းတဲ့ ဇိပ်ခံပြိုင်ကားအမျိုးအစားဖြစ်ပြီး ဒေါ်လာ ၂.၆ သန်းတန်ပါတယ်။ ဒီလိုကားမျိုးကို များသောအားဖြင့် ရုပ်ရှင်တွေထဲမှာပဲ တွေ့ရတတ်ပြီး နေ့စဉ်လမ်းမပေါ်မှာ မောင်းနေတဲ့ ကားတွေထဲမှာတော့ တွေ့ရဖို့ ခဲယဉ်းပါတယ်။


Bugatti Chiron ကားအသစ်စက်စက်ကို စက်ရုံကနေ DHL နဲ့ တင်ပို့ခဲ့ပြီးနောက် သြဂုတ်လ ၇ ရက်နေ့က မြောက်အမေရိကမှာရှိတဲ့ ပထမဦးဆုံး ဝယ်ယူသူဆီကို ပေးပို့ဖို့ ကားရောင်းချတဲ့ ကုမ္ပဏီကိုရောက်လာတာဖြစ်ပါတယ်။ စက်ရုံထုတ် Bugatti Chiron ကားအသစ်စက်စက်ကို YouTuber တစ်ဦးဖြစ်တဲ့ James, a.k.a က ပရိသတ်နဲ့ ဗီဒီယို ရိုက်ကူးပြီး မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။


ဒီကားကို James ရဲ့ မိတ်ဆွေဖြစ်သူက ဝယ်ယူထားတဲ့ ပိုင်ရှင်ဆီကို ကားမောင်း ပို့ပေးရမှာဖြစ်ပါတယ်။ Bugatti Chiron ကားရဲ့ အတွင်းအပြင်ပိုင်းကို ဘယ်လောက်သားနာတယ်ဆိုတာ ကြည့်ကြည့်လိုက်ရအောင်။








