BEC-TERO TV

၂၀၁၇ ဆီးဂီမ်း တွင် မြန်မာအမျိုးသမီးဘောလုံးအသင်း ကြေးတံဆိပ်ရရှိ

23 Aug 2017     1,459 Views


၂၀၁၇ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် မလေးရှားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ မြန်မာအမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်အသင်းကို (၆-၀) ဖြင့် အနိုင်ရရှိပြီး ကြေးတံဆိပ် ဆွတ်ခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် အုပ်စုအဖွင့် ပွဲဦးထွက်တွင် ထိုင်းအသင်းကို (၃-၂) ဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ဒုတိယပွဲစဉ်တွင် မလေးရှားအသင်းကို (၅-၀) ဖြသင့် အနိုင်ရခဲ့သည်။ တတိယပွဲစဉ်တွင် ဗီဘက်နမ်အသင်းကို (၃-၁) ဖြင့် ရှုံးနိမ့်ခဲ့သည်။ အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဖိလစ်ပိုင်အသင်းကို (၆-၀) နှင့် အနိုင်ရခဲ့ပြီး ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။


ကြေးတံဆိပ်ရရှိခဲ့သော မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းကို ကမ္ဘောဇဘဏ်မှ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ချီးမြင့်ခဲ့ကြောင်း သိရှိရသည်။

 

ဓါတ်ပုံ−မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်


 


23 Aug 2017     1,459 Views




RELATED

Most Popular of Football

Most Popular of NEWS