BEC-TERO TV

Got Talent က ၉ နှစ်အရွယ် ထူးခြားတဲ့ အသံပိုင်ရှင်မိန်းကလေး

23 Aug 2017     1,424 Views


Got Talent ပြိုင်ပွဲတွေဟာ ထူးခြားတဲ့ စွမ်းရည်တွေကို ပြသရတာဖြစ်လို့ သီချင်းဆိုရုံ သက်သက်ဆိုရင်တော့ ဒိုင်တွေရဲ့ ရွေးချယ်ခံရမှုကို ရမှာမဟုတ်ပါဘူး။

ဒါပေမယ့် ၉ နှစ်အရွယ်သာ ရှိသေးတဲ့ Celin Tam ဆိုတဲ့ ကလေးမလေးဟာ America’s Got Talent စင်မြင်ထက်ကို ယှဉ်ပြိုင်ဖို့တက်လာခဲ့ပါတယ်။ အမေရိကန် ပေါ့ပ်အဆိုကျော် မာရီုင်ယာကာရေးနဲ့ ဝတ်နီဟူစတန်တို့ နဲ့သာ အလိုက်ဖက်ဆုံး ဖြစ်မယ့် “When You Believe” ကို သီဆိုယှဉ်ပြိုင်သွားခဲ့တာဟာ ကြက်သီးထလောက်ပါတယ်။

ဒိုင်တွေက ဒီသီချင်းက ၉ နှစ်သမီးလေးအတွက် အရမ်းတာဝန်ကြီးတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး အံ့သြစရာကောင်းလောက်အောင် သီဆိုသွားနိုင်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။
ဗီဒီယိုလေးကို အားပေးကြပါဦး။
 


23 Aug 2017     1,424 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family