လမ်းလယ်ကောင်ပိတ်ရပ်ထားခဲ့မိတဲ့ကားကို ခေါင်းမိုးပေါ်မှာ ပြန်လည်တွေ့ရ(ရုပ်သံ)
23 Aug 2017 1,568 Views

နေအိမ်တိုက်ခန်းခြံဝင်း တစ်ခုရဲ့ ဝင်ပေါက်ထွက်ပေါက် အဝမှာ လုံခြုံရေးဝန်ထမ်းနဲ့ စကားများခဲ့ပြီးနောက် ကားကို ကန့်လန့်ခံရပ်ကာ ထားပစ်ခဲ့သည့်အမျိုးသမီး ကိစ္စပြီးစီး၍ ပြန်လာချိန်တွင် သူမ၏ကားကို ထားခဲ့သည့်နေရာတွင် မတွေ့ပဲ လုံခြုံရေးအစောင့် တိုက်၏ ခေါင်မိုးပေါ်တွင် ရောက်နေကြောင်း အံ့အားသင့်စွာ တွေ့ရှိခဲ့ပြီး ဒေါသအိုးပေါက်ကွဲခဲ့သည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အဆိုပါအမျိုးသမီးသည် ခြံဝင်းအတွင်း ယာဉ်ရပ်နားခအတွက် မပေးလိုသဖြင့် တိုက်အိမ်ခန်းရှိ အစောင့်ဖြစ်သူနှင့် စကားများကြပြီး ယာဉ်ရပ်နားခမပေးပဲ အဆောက်အဦပြင်ပရှိ အဝင်အထွက်နေရာတွင် ပိတ်ကာ ကားရပ်ပြီး ထွက်ခွာသွားခဲ့သည်။
နာရီအတော်ကြာ စောင့်ဆိုင်းခဲ့သော်လည်း ပြန်မလာသည့်အဆုံးတွင် အဆိုပါအဆာက်အဦ၏ ပိုင်ရှင်ဖြစ်သူက ကရိန်ကားခေါ်ကာ နေရာရွေ့ရန် ပြင်ဆင်ခဲ့သည်။ အဲဒီနောက် ပညာပေးလိုသဖြင့် ကားကို လုံခြုံရေးတိုက်ခန်း အမိုးပေါ်သို့ တင်ထားခဲ့ခြင်းဖြစ်သည်။
အမျိုးသမီးပြန်လာသည့်အခါ ယင်းအဖြစ်ကို တွေ့ပြီး တိုက်ပိုင်ရှင်၏ ကိုယ်စားလှယ်နဲ့ စကားများခဲ့ကြပြီး နှစ်ဦးစလုံး ရဲစခန်းတွင် ဖြေရှင်းခဲ့ကြသည်။ နောက်ဆုံးတွင် ကရိန်ကားကို ပြန်ခေါ်၍ ကားကို အောက်ပြန်ချခဲ့သည်။
အဆိုပါအဖြစ်ပျက် အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ပြီး ကားကို ရပ်ချင်သလိုရပ်ခဲ့သည့် အမျိုးသမီးကို ဝေဖန်မှုများ ပြင်းထန်ခဲ့သည်။ ယင်းကဲ့သို့သော ဖြစ်ရပ်မျိုးသည် တရုပ်နိုင်ငံတွင် ထူးဆန်းသည့် အဖြစ်ပျက် တစ်ခုတော့မဟုတ်ချေ၊ မနှစ်ကလည်း ကွမ်ဒိုး တွင်ကားဂိုဒေါင်တစ်ခု၏ ပိုင်ရှင်က သူပိုင်သောနေရာတွင် တရားမဝင်လာရပ်ထားသော ကားများကို ပညာပေးသည့်အနေနှင့် ဖော့ကလစ်နှင့် မ ကာ အမြင့်တွင် တင်ထားခဲ့သည်။
==============================================
The X Factor Myanmar Season 3 ပြိုင်ပွဲကြီး ပရိသတ်များရဲ့အားပေးမှုနဲ့အတူ ပြန်လည်ရောက်ရှိလို့လာပါပြီ။
Season 3 မှာ အကဲဖြတ်ဒိုင်တွေအဖြစ် (ဂရေဟမ်၊ L ဆိုင်းဇီ၊ ဇမ်နူး၊ ဇဝါ) တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာ ၁၅ (စနေနေ့)ည ၉ နာရီမှစပြီး MRTV-4 ချန်နယ်လ်က အပတ်စဉ်ထုတ်လွှင့်ပြသတော့မှာ ဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး...
>> https://www.facebook.com/xfactormyanmar/ <<