BEC-TERO TV

နိမ့်ကျတဲ့ အတွေးနဲ့ ကျောင်းစိမ်းဝတ်စုံလေးတွေရဲ့ သိက္ခာစွန်းပေစေသူ

24 Aug 2017     19,293 Views


ကျောင်းတက် ဝတ်စုံ အဖြူနဲ့ အစိမ်းလေးတွေကို မြင်ရရင် လူတိုင်းရဲ့ ရင်ထဲမှာကြည်နူး ပီတဖြစ်ရသည်။ ဒီဝတ်စုံလေးတွေနဲ့ သွားလောနေကြတဲ့ ကျောင်းသား ဆရာ၊ ဆရာမတွေကို အားလုံးက ဦးစားပေးတန်ဖိုးထားကြသည်။ တော်ရုံတန်ရုံ ဆိုးမိုက်သည့် လူများပင် ဒီဝတ်စုံလေးတွေကို မြင်ရင် အနှောက်အယှက် မပေးတတ်ကြ။


မြန်မာလူမျိုးများအားလုံးရဲ့ ရင်ထဲစိတ်ထဲမှာ အဖြူအစိမ်း ကျောင်းဝတ်စုံလေးတွေက ဖြူစင်မှု၊ အပြစ်ကင်းစင်မှု တိုင်းပြည်ရဲ့ အနာဂတ်အတွက် အရေးကြီးသူများအဖြစ်သာ မြင်ယောင်ရှိနေမိကြသည်။

ဒါပေမယ့် ဒီကနေ့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာတဲ့ ဓါတ်ပုံလေးတွေကြောင့် အဖြူအစိမ်းလေးတွေ သိက္ခာစွန်းထင်းခဲ့ရပါပြီ။ ကျောင်းသူလား၊ ဆရာမလား (သို့မဟုတ်) အဖြူအစိမ်းလေးတွေကို သိက္ခာစွန်းပေစေလိုသော ရည်ရည်ချက်နှင့်လားဆိုတာတော့ ကာယကံရှင် ကိုယ်တိုင်မှသာ သိနိုင်ပါလိမ့်မယ်။

ဘာကြောင့်ပဲ ဖြစ်ဖြစ် မလုပ်သင့် မလုပ်ထိုက်၊ မလုပ်ကောင်းပါဘူး ဟုသာ ပြောလိုက်ချင်ပါတယ်။
အောက်ပါအတိုင်း ရေးသားမှုနဲ့အတူ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ခြင်းဖြစ်ပါတယ်။


မနက်​ထဲက. နယူးဖီးမွာ ဒီပုံတွေ ပလူပျံနေတယ်
ပလူပျံ ​နေတယ်
ဆရာမအစစ်ဖြစ်နိုင်​ပါ့မလား ?
ခရမ်းပြာတုန်းကလဲ သူနာပြု အစစ်​မဟုတ်​ပဲ
သူနာပြု ဝတ်​စုံနဲ့. နံမည်​ဖျတ်​ တာပဲ
ဆရာမ​တွေ ဒီအတိုင်းတော့ ကြည့်မနေသင့်ဘူးထင်တယ်
တွေးကြည့်မိတာပါ
အဖြူ အစိမ်းဝတ်​ပြီး သက်​သက်​ သိက္ခာချ တာလို့ပဲ ထင်ပါ​တယ်
ဒီ ပုံ​တွေ တင်​လို့
ဘာဖြစ်​တယ်​ ညာဖြစ်​တယ်
လာမ​ပြောကြနဲ့ကိုယ်​မတင်​လဲ ပွထ ​နေတာနော်
ကိုယ်က ဆရာမအစစ်မဖြစ်နိုင်ဘူးဆိုတဲ့ဘက်က
ရပ်တည်ပြီး ပြောပြတာ


Crd
ခွပ်ဒေါင်းနီ
Lin Lin(မအူပင်)
 

 


24 Aug 2017     19,293 Views




RELATED

Most Popular of Special or Others

Most Popular of NEWS