BEC-TERO TV

ဆေးရုံကနေ ငွေစကားပြောခံလိုက်ရတဲ့ ဟဲလေး

24 Aug 2017     1,388 Views


နိုင်ငံကျော်တေးသံရှင်ဟဲလေးက သူရဲ့သားဖြစ်သူ နေမကောင်းဖြစ်နေချိန် ဆေးရုံပြဖို့ ကြိုးစားခဲ့ပေမယ့် ဆေးရုံကနေ တုန့်ပြန်ခဲ့မှုကြောင့် အတော်လေးကို စိတ်ပျက်သွားခဲ့ရတယ်လို့ ဟဲလေးရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ 22 ရက်နေ့က တင်ထားခဲ့ ပါတယ် ။

ကိုယ့်နိုင်ငံအတွက် အရမ်းဝမ်းနည်းတယ်။ ကလေးက တစ်ညလုံးရင်ကျပ်လို့ စိတ်ပူပြီး အိမ်နဲ့အနီးစပ်ဆုံး ပုဂ္ဂလိကဆေးရုံကိုသွားဖို့ ဖုန်းဆက်တယ်။ ကလေးအခြေအနေ မမေးဘူး။ ပိုက်ဆံနှစ်ဆပေးရမယ်က စပြောတယ်။ နှစ်ခါရှိပြီ ဒီဆေးရုံ။ စိတ်ကြိုက်ယူပါ ပေးမှာပါ။ လူနာအခြေအနေတော့ ဂရုစိုက်သင့်တယ်။ ဟိုတစ်ခါကလေး လက်ညှပ်တော့လည်း ငွေမသွင်းမခြင်း ဒဏ်ရာကိုမကြည့်ဘူး။ တော်ရုံစီးပွားရှာကြပါဗျာ။ လူသားချင်းလည်း စာနာကြပါ။ ခင်ဗျားတို့ သိက္ခာအတွက် နာမည်ကိုငဲ့ကွက်ပြီး။ ချမပြတော့ပါဘူး။ စေတနာကောင်းရင် ကံကောင်းပါတယ်။ ကျန်းမာရေးကို စောင့်ရှောက်မှာလား ကျန်းမာရေးကို ဓားပြတိုက်မှာလား ”ဆိုပြီး ရေးသားထားခဲ့ ပါတယ်

လက်ရှိမှာတော့ ကလေးဟာ ပြန်လည်ကျန်းမာ လာပြီလို့ လဲ သိရပါတယ် ။ “စိတ်ပူပေးကြတဲ့မိတ်ဆွေတွေအားလုံးကျေးဇူးပါ
သားလေးသက်သာလာပါပြီ
နွေးထွေးစွာစောင့်ရှောက်ပေးတဲ့
ပန်းလှိုင်ဆေးရုံကဆရာဆရာမများ
ဝန်ထမ်းများအားလုံး
ကိုလည်းကျေးဇူးအထူးတင်ပါ
တယ်..ကျွန်တော်တို့လိုနေတာ..မေတ္တာတရားပါ
ကိုယ်ချင်းစာတရားပါ..
အဲ့ဒီ့အရာတွေက..ဝေဒနာတစ်ဝက်
ကိုသက်သာစေတာ..
တစ်ချို့ဆေးရုံဆေးခန်းတွေ..သိရှိနားလည်ပါစေ
လို့..ဆုတောင်းလိုက်ပါတယ်”


24 Aug 2017     1,388 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment