BEC-TERO TV

ခင်ပွန်းဟောင်းကို စိတ်နာလို့ သားဖြစ်သူရဲ့ ငယ်ပါကို ဖြတ်ခဲ့တဲ့ မိခင် (ရုပ်သံ)

24 Aug 2017     1,556 Views


ကွဲကွာခဲ့ပြီးဖြစ်သော ခင်ပွန်းဟောင်းနဲ့ သူ့ရဲ့ မိသားစုတွေကို စိတ်နာနေတဲ့ အမျိုးသမီးတစ်ဦးက သူမကလေးရဲ့ ငယ်ပါကို ကြတ်ကြေးနဲ့ ဖြတ်ပစ်ခဲ့ပါတယ်။

ခင်ပွန်းဟောင်းရဲ့ မိသားစုတွေ သိသွားပြီးတဲ့နောက် ကလေးကို ဖူကျိုးမြို့ဆေးရုံသို့ အမြန်တင်ပို့ခဲ့ရပါတယ်။ ခွဲစိတ်ကုသမှု ပြီးတဲ့နောက်မှာ ဆရာဝန်က ယောက်ျားဘဝကို ပြန်ရပြီး နဂိုအခြေအနေအတိုင်း ပြန်ကောင်းလာမည်ဖြစ်သလို ကလေးကြီလာတဲ့အခါ ဖခင်ဖြစ်ဖို့အခွင့်အရေး မဆုံးရှုံးတော့ကြောင်း ပြောဆိုခဲ့သည်။


လတ်တလောတွင် ကလေးကို ဖခင်ဖြစ်သူ၏ မိဘများက ထိန်းကျောင်းထားကြောင်း သိရှိရသည်။ ကလေး၏ မိခင်ဖြစ်သူမှာ လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်ကတည်းက ခင်ပွန်းဖြစ်သူနဲ့ ကွဲသွားခဲ့ပြီး နောက်အိမ်ထောင် ပြုထားလျှက်ရှိရာမှ ယခုအခါ ဘာစိတ်ကူးပေါက်ပြီး ခင်ပွန်းဟောင်းကို လက်စာချေလိုသည့်စိတ်ဖြင့် ကိုယ့်သားသမီးအပေါ်ကို အခုလိုရက်စက်ခဲ့သည်ကို နားမလည်နိုင်ကြောင်း အဖွားဖြစ်သူက ပြောကြားသည်။
 


24 Aug 2017     1,556 Views




RELATED

Most Popular of Special or Others

Most Popular of NEWS