BEC-TERO TV

ဆီးဂိမ်းပြိုင်ပွဲဝင် မလေးရှားအားကစားသမား ၁၆ ဦး အစာအဆိပ်သင့်

25 Aug 2017     1,500 Views


ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ေ၇ာက်ယှဉ်ပြိုင်မည့် မလေးရှား အားကစားသမား ၁၆ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း မလေးရှား ဆီးဂိမ်းကျင်းပရေးကော်မတီက ဩဂုတ် ၂၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး ထုတ်ပြန်ပြောကြားသွားခဲ့ပါတယ်။


အစာအဆိပ်သင့်ခဲ့တဲ့ အားကစားသမား ၁၆ ဦးအနက် တစ်ဦးကို ဆေးရုံသို့ တင်ပို့ပေးထားရ ကြောင်း၊ ကျန်ကစားသမားတွေကတော့ တည်းခိုရာ ဟိုတယ်မှာပဲ ဆက်ရှိပြီး ကုသမှုခံယူနေကြောင်း၊ ရေကူးအားကစားသမားတစ်ဦး ဆိုရင်လည်း ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုဖို့ တားမြစ်ခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ အစာအဆိပ်သင့်မှု ဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းကို ဖော်ထုတ်သိရှိနိုင်ဖို့ ကြိုးပမ်းနေလျက် ရှိကြောင်းလည်း မလေးရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ယခုလို အစာအဆိပ်သင့်ပြီး နေထိုင် မကောင်းဖြစ်နေခဲ့တဲ့ အားကစားသမားတွေကိုတော့ ၎င်းတို့ ပြန်လည် မသက်မသာမချင်း သက်ဆိုင်ရာ ပြိုင်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဖို့ ပြောထားကြောင်း ဆီးဂိမ်းပြိုင်ပွဲ ကော်မတီ တာဝန်ရှိသူတစ်ဦးဖြစ်သူ Low Beng Choo က ပြောကြားခဲ့ပါတယ်။


ယခုနှစ်မှာ ကျင်းပတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာတော့ အလားတူ အဆင်မပြေမှု ပြဿနာများနှင့် ကြုံတွေ့နေခဲ့ရပြီး ပြီးခဲ့တဲ့နေ့တွေတုန်းကလည်း အင်ဒိုအလံကို ပြောင်းပြန်လုပ်မိခဲ့လို့ အင်ဒိုပြည်သူတွေ အမျက်ဒေါသ ထွက်ခဲ့ရသလို မြန်မာအားကစားသမားတွေ လိုက်ပါလာတဲ့ ကားတစ်စီး မတော်တဆမှု ဖြစ်ခဲ့တဲ့ ဖြစ်စဉ် တွေလည်း ရှိထားခဲ့ပါတယ်။

သတင်းရင်းမြစ်-မဇ္ဇျိမ

 


25 Aug 2017     1,500 Views




RELATED

Most Popular of International News

Most Popular of NEWS