Plus Size တွေကိုလည်း ကျေနပ်စေမယ့် ဖွေးဖွေးရဲ့ SYKO ဖက်ရှင်
25 Aug 2017 1,448 Views

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဖွေးဖွေးက SYKO Brand အမည်နဲ့ အဝတ်အစားများ ထုတ်လုပ်ဖို့ စဉ်းစားနေပြီး သူ့ရဲ့ အဝတ်အစားတွေကို ကိုယ်ခန္ဓာအတိုင်းအားလုံးနဲ့ အဆင်ပြေအောင် ထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ဖွေးဖွေးက အသက် ၃၀ ဆိုတာ လူငယ်သက်တမ်းကုန်ဆုံးပြီလို့ သတ်မှတ်ကြပေမယ့် သူမက လူငယ်လုပ်လို့ မဝသေးဖူးလို့ ဆိုပါတယ်။ ဒါကြောင့် မကြာခင်လူကြီးဖြစ်လာတော့မယ့် ဖွေးဖွေးက သူမရဲ့ ပရိသတ်အရွယ်စုံအတွက် ကိုယ်ပိုင်ဖက်ရှင်ဒီဇိုင်းနဲ့ အဝတ်အထည် ထုန်လုပ်ဖို့ စိတ်ကူးရလာခဲ့ပါတယ်။
Brand ရဲ့ အမည်ကိုတော့ သူမရဲ့ နာမည်ရင်းဖြစ်တဲ့ ရွှေရည်ကိုဦး ရဲ့ အစစာလုံးလေးတွေကို ပေါင်းစပ်ပြီး SYKO လို့ စဉ်းစားထားတာဖြစ်ပါတယ်။ ဘယ်လိုခန္ဓာကိုယ်အချိုးအစားမျိုးပဲ ရှိရှိ ကိုယ့်ကိုယ်ကိုယ် ကျေနပ်စေချင်တဲ့ ဖွေးဖွေးက Plus Size တွေအတွက်ပါ ရည်ရွယ်ပြီး ဆိုဒ်လေးမျိုးနဲ့ အဝတ်အစားတွေကို ထုတ်လုပ်သွားမယ်လို့ 8 Days ဂျာနယ်နဲ့ အင်တာဗျူးမှာ အသိပေးသွားခဲ့ပါတယ်။





