BEC-TERO TV

ဝေဖန်မှုတွေကိုအကောင်းဆုံးတုံ့ပြန်နိုင်ဖို့် စွမ်းဆောင်သွားရမည့် ကစားသမား(၅)ယောက်

25 Aug 2017     1,278 Views


ပြီးခဲ့တဲ့ဘောလုံးရာသီက ခြေစွမ်းပိုင်းနဲ့ပက်သက်ကာ ဝေဖန်မှုတွေခံခဲ့ရတဲ့ ပရီးမီးယားလိဂ်မှ နာမည်ကြီးကစား သမားအချို့အနေနဲ့ ယခုနှစ်မှာ ပြီးခဲ့တဲ့ရာသီကနဲ့ မတူညီတဲ့ ခြေစွမ်းတွေနဲ့ စွမ်းဆောင်ရည်တွေပြသဖို့လိုအပ် နေတာဖြစ်ပါတယ်။ယခင်နှစ်ဘောလုံးရာသီက လုံလောက်တဲ့စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ခြင်းမရှိတာကြောင့် ဝေဖန်မှုတွေခံခဲ့ ရတဲ့ ကစားသမားတွေရှိခဲ့ပြီး၊ အဆိုပါကစားသမားတွေထဲမှာအဲဗာတန်အသင်းမှ ရွန်းနီ၊ မန်ယူအသင်းမှ မာရှယ်နဲ့ မီခီတာရမ် ၊ လက်စတာအသင်းမှ မာရက်ဇ် နဲ့ အာဆင်နယ်အသင်းမှ ရမ်ဆေး တို့ပါဝင်ခဲ့ပါတယ်။

` တိုက်စစ်မှုး ရွန်နီအနေနဲ့ မန်ယူအသင်းမှာ ခြေစွမ်းကောင်းတွေပျောက်ဆုံးခဲ့ပေမဲ့၊ လက်ရှိအဲဗာတန်အသင်းမှာ ပုံမှန်ခြေစွမ်းပြန်လည်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲ ပါဝင်ကစားပြီးချိန်မှာ သွင်းဂိုး(၂)ဂိုးသွင်းယူထား ပါတယ်။ မန်ယူအသင်းတိုက်စစ်မှုး မာရှယ်အနေနဲ့လည်း ယခင်နှစ်ဘောလုံးရာသီက ပုံမှန်ပွဲထွက်ခွင့်မရရှိပဲ၊ ခြေစွမ်းပြနိုင်ဖို့ရုန်းကန်ခဲ့ရပေမဲ့ ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပြီးဆုံးချိန်မှာ သွင်းဂိုး(၂)ဂိုး သွင်းယူပြီး၊ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ထားပါတယ်။

အခြားသောကစားသမားတွေဖြစ်တဲ့ မစ်ခီတာရမ်၊ မာရက်ဇ်၊ ရမ်ဆေး တို့ကလည်း လက်ရှိအချိန်မှာ သက်ဆိုင်ရာအသင်းတွေအတွက် ပုံမှန်ပွဲထွက်ခွင့်တွေ ပြန်လည်ရရှိနေပြီး၊ ယခင်နှစ်ကထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသသွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။


25 Aug 2017     1,278 Views




RELATED

Most Popular of Football

Most Popular of Sport