BEC-TERO TV

ရွန်းနီရဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဘ၀ မှတ်တမ်းမှတ်ရာများ

25 Aug 2017     1,287 Views


အင်္ဂလန်အသင်းရဲ့ ဂိုးအများဆုံးသွင်းယူထားတဲ့ စံချိန်ရှင် ရွန်းနီဟာ လက်ရွေးစင်ကစားသမား ဘ၀ကနေ အနားယူလိုက်ပြီဖြစ်ပါတယ်။ ဆက်လက်ပြီး အင်္ဂလန်အသင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့မှတ်တမ်းမှတ်ရာ အချို့ကိုဖော်ပြပေးမှာဖြစ်ပါတယ်။

၁။ အင်္ဂလန်အသင်းဟာ ရွန်းနီပါဝင်ကစားတဲ့(၁၁၉)ပွဲမှာ (၇၁)ပွဲနိုင်၊ (၂၉)ပွဲသရေ၊ (၁၉)ပွဲရှုံးခဲ့ပါတယ်။

၂။ ရွန်းနီဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်(၅၃)ဂိုးထိသွင်းယူပေးခဲ့ပါတယ်။

၃။ ဒါပေမယ့် သူရဲ့သွင်းဂိုးအများစုဟာ ခြေစမ်းပွဲ၊ ခြေစစ်ပွဲတွေမှာသာဖြစ်ပြီး ယူရို(၂၀၀၄)ပြိုင်ပွဲမှာ (၄)ဂိုးသွင်းယူ တာအပါအ၀င် အဓိကပြိုင်ပွဲကြီး(၆)ခုမှာ (၇)ဂိုးသာသွင်းယူခဲ့ပါတယ်။

၎။ ရွန်းနီဟာကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး(၁)ဂိုးသာသွင်းယူခဲ့ပြီး(၂၀၁၄)ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဥရုဂွေးအသင်းနဲ့ ပွဲစဉ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

၅။ ရွန်းနီ အင်္ဂလန်အသင်းအတွက် ကစားခဲ့တဲ့(၁၄)နှစ်တာကာလအတွင်းမှာ အင်္ဂလန်အသင်းနဲ့အတူ အဓိက ပြိုင်ပွဲကြီး(၆)ခုထိ ကစားခွင့်ရခဲ့ပါတယ်။ ယူရို(၂၀၀၈)ပြိုင်ပွဲကတော့ အင်္ဂလန်အသင်းခြေစစ်ပွဲမအောင်ခဲ့ပါ။

၆။ ရွန်းနီဟာ အင်္ဂလန်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ်နဲ့(၂၂)ပွဲ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

၇။ ရွန်းနီဟာ (၂၀၁၆)ခုနှစ်က အင်္ဂလန်အသင်းရဲ့ ဂိုးအများဆုံးသွင်းယူထားသူအဖြစ်စံချိန်တင်ရာမှာ ဆာဘော်ဘီချာတန်ရဲ့(၄၅)နှစ်ကြာတည်ရှိနေတဲ့ စံချိန်ကောင်းကို ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။

၈။ ရွန်းနီနဲ့အတူ အင်္ဂလန်အသင်းမှာ ပွဲစဉ်အများဆုံးတွဲဖက်ကစားခဲ့တဲ့ အသင်းဖော်တွေအဖြစ် လမ်းပတ်နဲ့ အက်ရှ်လေကိုးလ်တို့က ပွဲ(၇၀)စီနဲ့ရပ်တည်နေပါတယ်။


25 Aug 2017     1,287 Views




RELATED

Most Popular of Football

Most Popular of Sport