BEC-TERO TV

မြန်မာယူ(၂၂)အသင်း အုပ်စုဒုတိယနှင့် ဆီးမီးဖိုင်နယ်တက်ရောက်ခဲ့သည့် အုပ်စု(က)ပွဲစဉ်များ

25 Aug 2017     1,287 Views


(၂၉)ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ်တွေရဲ့ အုပ်စု(က)ပွဲစဉ်တွေယှဉ်ပြိုင်အပြီးမှာ မြန်မာယူ(၂၂)အသင်းက အုပ်စုဒုတိယနဲ့သာ ဆီးမီးဖိုင်နယ်ကိုတက်ရောက်ခဲ့ပါတယ်။မြန်မာယူ(၂၂)အသင်းဟာ အုပ်စုအဖွင့်(၃)ပွဲမှာ (၃)ပွဲစလုံးအနိုင်ရရှိခဲ့ပြီး ဆီးမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပေမယ့် အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်တဲ့ အိမ်ရှင်မလေးရှားယူ(၂၂)အသင်းနဲ့ ပွဲစဉ်မှာ (၃)ဂိုး၊(၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပါတယ်။

မြန်မာယူ(၂၂)အသင်း အုပ်စုပွဲစဉ်ပြည့်ကစားထားပြီးချိန်မှာ မလေးရှား ယူ(၂၂)အသင်းက (၃)ပွဲသာကစားထားပြီး ရမှတ်(၉)မှတ်စီရရှိထားပါတယ်။ မနေ့ညပိုင်းက အုပ်စုနောက်ဆုံး ပွဲစဉ်တွေယှဉ်ပြိုင်ခဲ့ပြီး မလေးရှားယူ(၂၂)အသင်းက လာအိုယူ(၂၂)အသင်းကို (၃)ဂိုး၊(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့အ တွက် မလေးရှားယူ(၂၂)အသင်းက ရမှတ်(၁၂)မှတ် အုပ်စုအဆင့်(၁)နေရာနဲ့ ဆီးမီးဖိုင်နယ်ကိုတက်ရောက်ခဲ့ပါ တယ်။ မလေးရှားယူ(၂၂)အသင်းကတော့ အုပ်စု(ခ)မှ အုပ်စု ဒုတိယရရှိတဲ့အသင်းနဲ့ ဆီးမီးဖိုင်နယ်မှာရင်ဆိုင် ရမှာဖြစ်ပြီး မြန်မာယူ(၂၂)အသင်းက အုပ်စု(ခ)မှ အုပ်စုဗိုလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အုပ်စု(က)က စိတ်ဝင်စားစရာကောင်းနေပြီး အုပ်စုပွဲစဉ်(၄)ပွဲစီအပြီးမှာ ဗီယက်နမ်နဲ့ ထိုင်းတို့က ရမှတ်(၁၀)မှတ် စီနဲ့ အဆင့်(၁)နဲ့အဆင့်(၂)နေရာမှာရပ်တည်နေပါတယ်။ အုပ်စုအဆင့်(၃)နေရာမှာ အင်ဒိုနီးရှားအသင်းက ရမှတ်(၈)မှတ်နဲ့ရပ်တည်နေပါတယ်။ နောက်ဆုံးပွဲစဉ်မှာ ထိုင်းနဲ့ဗီယက်နမ်တို့ထိပ်တိုက်တွေ့ဆုံနေပြီး အနိုင်ရရှိ တဲ့အသင်းက ဆီးမီးဖိုင်နယ်ကို အုပ်စုပထမနဲ့တက်ရောက်မှာဖြစ်ပါတယ်။ အင်ဒိုနီးရှားအသင်းက ကမ္ဘောဒီယားအသင်းကိုအနိုင်ရရှိပြီး ထိုင်းနဲ့ဗီယက်နမ်တို့ပွဲစဉ်က သရေကျခဲ့မယ်ဆိုရင် ထိုင်းအသင်းက အုပ်စု အဆင့်နဲ့သာကျေနပ်ရမှာဖြစ်ပါတယ်။


25 Aug 2017     1,287 Views




RELATED

Most Popular of Football

Most Popular of Sport