ပြင်ဆင်ထားသည့် ဆက်သွယ်ရေးဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အတည်ပြု
25 Aug 2017 1,467 Views

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အမျိုးသားလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
သြဂုတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေးဥပဒေကြမ်းအား ပြည်သူလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးသော ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် ဆွေးနွေးရန် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းထားခြင်း မရှိခဲ့သဖြင့် ပြည်သူ့လွှတ်တော် ပြင်ဆင်ချက်အတိုင်း အတည်ပြုရန် လွှတ်တော်ဥက္ကဋ္ဌမှ သဘောထားရယူခဲ့ရာ ကန့်ကွက်သူမရှိသဖြင့် အတည်ပြုကြောင်း ကြေညာခဲ့သည်။
ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ထားသော ဥပဒေကြမ်းတွင် ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)ကို နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်သတ်မှတ်ချက်ဖြင့်၊ အာမခံပေးလို့ရသော ပုဒ်မအဖြစ် ပြည်သူ့လွှတ်တော်က ညှိနှိုင်းပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ချက်သည် သင့်တင့်မျှတသော ပြစ်ဒဏ်ဖြစ်ခြင်း၊ အာမခံပေးနိုင်ခြင်းတိုေ့ကြာင့် ဖြစ်သင့်ဖြစ်ထိုက်သည့် အချက်များဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ပြောကြားခဲ့သည်။
သတင်းကိုးကား-ဒီမိုကရေစီတူဒေး







