BEC-TERO TV

ရင်နှစ်မွှာကြား ခေါင်းတိုးခွင့်ပြုရင် အလှူငွေထည့်မယ်ဆိုတဲ့ ဘလော့ခ်ကာ

25 Aug 2017     1,832 Views


တရုပ်နိုင်ငံက ဗီဒီယို ဘလော့ခ်ကာတစ်ဦးက လမ်းပေါ်က ဖြတ်သွားဖြတ်လာ အမျိုးသမီးတွေကို ခဏလောက်စကားပြောခွင့်ပြုပါဆိုပြီး သူ့ရဲ့ မျက်နှာနဲ့ အမျိုးသမီးရဲ့ ရင်နှစ်မွှာကြားကို ငါးစက္ကန့်လောက် ပွတ်သပ်ခွင့်ပြုရင် ရင်သားကင်ဆာ ဖောင်ဒေးရှင်းအတွက် အလှူငွေ ၁၀ ယွမ်(၂,၀၃၄ ကျပ်) လှူဒါန်းသွားမယ်လို့ လိုက်လံ ဆွဲဆောင်လျှက်ရှိပါတယ်။

ဗီဒီယိုထဲမှာတော့ အမျိုးသမီးအချို့က သူ့အပြောကို လက်ခံခဲ့ပြီး ရင်နှစ်မွှာကို မျက်နှာနဲ့ ပွတ်သပ်ခွင့်ပြုခဲ့တာ မြင်တွေ့ရပါတယ်။ ဒါပေမယ့် ဒီအမျိုးသမီးတွေဟာ တစ်ကယ်ပဲ ဖြတ်သွားဖြတ်လာ သူစိမ်းတွေလား၊ သရုပ်ဆောင်ဖို့ အခကြေးငွေနဲ့ ခေါ်ထားတာလားဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။


“ဇူ” လို့ ခေါ်တဲ့ အသက် ၂၆ နှစ်အရွယ် ဘလော့ခ်ကာဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း လမ်းပေါ်မှာ မျက်လှည့်ပြမယ်ဆိုပြီး အမျိုးသမီးလေးများရဲ့ ရင်သားကို လှည့်စားပြီး ကိုင်တွယ်ပြီး ဗီဒီယိုရိုက်ကူးခဲ့ပါတယ်။ အဆိုပါဗီဒီယို အွန်လိုင်းမှာ ပျံ့သွားခဲ့ပြီးနောက် သူ့ကို ရဲအဖွဲ့က နှစ်ပတ်ကြာထိမ်းသိမ်းခဲ့ပြီး သူကိုယ်တိုင်လည်း အွန်လိုင်းပေါ်မှာ တောင်းပန်ခဲ့ရပါတယ်။


ဤြ့သည်နောက်ပိုင်း ခတ္တပျောက်သွားခဲ့ပြီးနောက် အခုတစ်ခါမှာ Weibo အကောင့်သစ်နဲ့အတူ ပြန်လည်ပေါ်ထွက်လာတာဖြစ်ပါတယ်။
 


25 Aug 2017     1,832 Views




RELATED

Most Popular of Special or Others

Most Popular of NEWS