BEC-TERO TV

တရုတ်နှင့်ဥရောပအာကာသယာဉ်မှူးများ ပင်လယ်ပြင်တွင် လေ့ကျင့်မှုပြီးဆုံး

25 Aug 2017     1,412 Views


တရုတ်နိုင်ငံကအာကာသယာဉ်မှူး(၁၆)ဦးနဲ့ ဥရောပနိုင်ငံတွေက အာကာသယာဉ်မှူး(၂)ဦး တို့ဟာ ပင်လယ်ပြင်အတွင်း အသက်ရှင်နေထိုင်နိုင်တာနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေကို တရုတ်နိုင်ငံ အရှေ့ပိုင်းက ရန်တိုင်ကမ်းရိုးတန်းဒေသမှာ ပြုလုပ်ခဲ့ပါတယ်။(၁၇)ရက်ကြာမြင့်တဲ့ ဒီလေ့ကျင့်မှုဟာ တရုတ်နိုင်ငံသားအာကာသယာဉ်မှူးတွေအနေနဲ့ ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ပင်လယ်ပြင်အတွင်း ဘယ်လိုရှင်သန်နေထိုင်မယ်ဆိုတာနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။

အာကာသယာဉ်ကမ္ဘာထဲပြန်ရောက်ပြီး ပင်လယ်ထဲကျချိန်မှာ ယာဉ်ထဲမှာ ဘယ်လိုနေထိုင်မယ်၊ပင်လယ်အတွင်း အသက်ရှင်နေထိုင်နိုင်တာနဲ့ကယ်ဆယ်ရေးလုပ်ငန်း စဉ်တွေ အကြောင်းသိရှိနိုင်ဖို့ အခုလိုလေ့ကျင့်မှုပြုလုပ်တာလို့ တရုတ်အာကာသလေ့လာရေးစင်တာက ပြောပါတယ်။အာကာသဆိုင်ရာအသိပညာမျှဝေဖို့နဲ့ နားလည်မှုတွေတည်ဆောက်ကြဖို့ ဥရောပက အာကာသယာဉ်မှူးတွေနဲ့ပူးပေါင်းဆောင်ရွက်ရတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့အာကာသစခန်းရဲ့ နိုင်ငံ တကာနဲ့ပူးပေါင်းလုပ်ဆောင်မှုအပိုင်းမှာ ဒီလေ့ကျင့်ခန်းတွေဟာ အရေးပါတဲ့အခန်းကဏ္ဍက ပါဝင် နေတယ်လို့လည်း တရုတ်အာကာသနည်းပညာဖွံ့ဖြိုးရေးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူး ယန်လီဝီက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ရုရှား၊ဂျာမန်နဲ့ပြင်သစ်စတဲ့ နိုင်ငံတွေ၊ ဥရောပအာကာသအေဂျင်စီ (ESA)နဲ့ကုလသမဂ္ဂရဲ့အာကာသရေးရာရုံးတို့လိုအဖွဲ့အစည်းတွေနဲ့အာကာသလေ့လာရေးကိစ်္စတွေ မှာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တွေပြုလုပ်ထားပါတယ်။ပူးပေါင်းလေ့ကျင့်မှုအတွင်း အခက်အခဲမရှိပဲ အဆင်ပြေပြေပြီးဆုံးခဲ့တယ်လို့ လေ့ကျင့်ရာမှာပါဝင်တဲ့ အီတလီအာကာသယာဉ်မှူး တစ်ဦးက ပြောပါတယ်။


25 Aug 2017     1,412 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS