အရိုးကင်ဆာကြောင့် မျက်နှာပုံပျက်ပန်းပျက်ဖြစ်ကာ ကွယ်လွန်ခဲ့ရတဲ့ အမျိုးသမီး
29 Aug 2017 1,804 Views

အသက် ၂၈ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးဟာ အရိုးကင်ဆာဝေဒနာကို ၂ နှစ်နီးပါး ဆေးကုသမှုခံယူရင်း သေလုမျောပါးခံစားခဲ့ရပြီး သြဂုတ်လ ၂၄ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။
ကင်ဆာဝေဒနာကြောင့် ဂျန်နီယိုး ဆိုတဲ့ မိန်းကလေးဟာ ဆေးကုသမှုခံယူနေဆဲမှာပင် မျက်နှာပြင်ပေါ်မှာ အာသားစိုင်များ ကြီးထွားယိုင်ရွဲ့လာခဲ့ပြီး နှာခေါင်းသွေယိုခြင်း၊ သူမရဲ့ သွားအုံတစ်ခုလုံး ကန်ထွက်လာခြင်း ဝေဒနာကို ဆိုးရွားစွာ ခံစားခဲ့ရပါတယ်။
ပြီးခဲ့သည့်နှစ်က သူမဝေဒနာ စတင်ခံစားရချိန်တွင် သူမ၏ မျက်နှာ ပုံစံပျက်လာပုံကို လူမှုကွန်ယက်တွင် ဓါတ်ပုံတင်ပြီး ပြောပြခဲ့သော်လည်း အားလုံးက သူမရဲ့ ဓါတ်ပုံဟာ ဖိုတိုရှော့နဲ့ပြင်ထားပြီး လာလိမ်နေတယ်ဟုသာ တုံ့ပြန်ခြင်းခံခဲ့ရသည်။
အဲဒီနောက်မှာတော့ သူမရဲ့ ဗီဒီယိုကို တင်ခဲ့တဲ့အခါမှာ အွန်လိုင်းပေါ်က ပြောဆိုပြစ်တင်မှုတွေ ရပ်သွားခဲ့ပြီး သူမကို ကူညီကြဖို့ လှုံ့ဆော်မှုတွေရှိလာပါတယ်။ ပြန်ဖျက်သွားခဲ့တဲ့ အဆိုပါဗီဒီယိုမှာ သူမရဲ့ ရောဂါကုသနေရပုံ အခြေနေတွေကို ရှင်းပြခဲ့ပါတယ်။
သူမရဲ့ ကင်ဆာက ပိုပိုဆိုးရွားလာပြီး တစ်ကိုယ်လုံး ကျိုးကျေနေသလိုခံစားနေရပါတယ်။ ဒါကို သက်သာစေဖို့ သူမရဲ့ မိဘတွေက နှိပ်နယ်ခြင်းနဲ့ ပြေလျော့အောင် ကူညီခဲ့ပါတယ်။
ကီမိုသာရဖီ (ဓါတ်ကင်) နည်းလမ်းက သူမကိုမသက်သာစေပဲ ဇွန်လမှာတော့ အခြေအနေအတော်လေး ဆိုးလာပါတယ်။
သူမရဲ့ ရှေ့သွားနှစ်ချောင်း နာကျင်လွန်းတာကြောင့် သွားဆရာဝန်ထံ ပြသခဲ့ရာမှ ဓါတ်မှန်ရိုက်ကြည့်ခဲ့တဲ့အခါ သူမရဲ့ ဘယ်မေးရိုးနေရာမှ အရိုးကင်ဆာဖြစ်နေကြောင်း သိရှိခဲ့ရခြင်းဖြစ်ပါတယ်။
ဆေးရုံမှာ ခြောက်ကြိမ်လောက် ဓါတ်ကင် ကုသခဲ့ပေမယ့် မသက်သာပဲ စပျစ်ခိုင်လို တစ်ဖြည်းဖြည်း ကြီးထွားလာခဲ့ပါတယ်။ သူမရဲ့ ဘယ်ဖက်မျက်လုံးနဲ့ နှာခေါင်းဟာ တွန်းကန်ထားခံရပြီး နှာခေါင်းသွေယိုတဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။
နောက်ဆုံးမှာတော့ အသက် ၂၈ နှစ်အရွယ် ဂျန်နီယိုးဟာ အရိုးကင်ဆာကို မချိမဆံ့ခံစားရင်း ကွယ်လွန်သွားခဲ့ပါတယ်။