BEC-TERO TV

အလှကုန်တွေစစ်ဆေးတဲ့အခါ မာကျူရီ (Mercury) ဓာတ်ပါဝင်မှု အများဆုံးတွေ့ရှိ

30 Aug 2017     1,349 Views


၂၀၁၄ ခုနှစ်ကနေ ယခု ၂၀၁၇ ခုနှစ်အထိ ပြည်တွင်းဈေးကွက်ထဲမှာရောင်းချနေတဲ့ အလှကုန်နမူနာတွေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါ မာကျူရီ ဓာတုပစ္စည်းကို အလှကုန်တွေထဲမှာ အများဆုံးစစ်ဆေးတွေ့ရှိခဲ့တယ်လို့ UMFCCI မှာ သြဂုတ်လ ၂၆ရက်ကပြုလုပ်တဲ့ အလှကုန်ဆိုင်ရာဟောပြောပွဲမှ သိရပါတယ်။လက်ရှိဈေးကွက်နဲ့အွန်လိုင်းမှတဆင့်ရောင်းချတဲ့ အလှကုန်တွေကို နမူနာယူ စစ်ဆေးတဲ့အခါ အလှကုန်ပစ္စည်းတွေထဲမှာ မာကျူရီထည့်သွင်းအသုံးပြုမှုများနေတာကို ဓာတ်ခွဲ စစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။

မာကျူရီကို အရေပြားပေါ်မှာ သုံးစွဲမှုများလာရင် အရေပြား ယားယံတာကနေ အရေပြားကင်ဆာအထိဖြစ်နိုင်ပါတယ်။ အသုံးမပြုဖို့ကန့်သတ်ထားတဲ့ ဓာတုပစ္စည်းနဲ့ခွင့်မပြုဆိုးဆေးပါဝင်တာ၊ဖော်စပ်ပုံမှားယွင်းတာတွေကြောင့် တားမြစ်ထားတဲ့ အလှကုန် အမျိုးအမည် (၅၀)ကျော်ရှိပြီး အသားဖြူခရင်မ်နဲ့နေလောင်ခံလိမ်းဆေးတွေမှာ ဓာတုပစ္စည်း အသုံးပြုမှုများတယ်လို့သိရပါတယ်။ ယခု အွန်လိုင်းစာမျက်နှာတွေမှာအလွယ်တကူဝယ်ယူနိုင်တဲ့အလှကုန်ပစ္စည်းတွေက ရောင်းချသူနဲ့အလှကုန်ထုတ်လုပ်တဲ့ တည်နေရာ၊ပစ္စည်းအမှတ်တံဆိပ်တရားဝင် ဖော်ပြချက်တွေ မရှိသလို FDAမှာ မှတ်ပုံတင်မပြုလုပ်ရသေးတဲ့ပစ္စည်းတွေဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားရွေးချယ် ၀ယ်ယူဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံအလှကုန်အသင်းရဲ့ ဥက္ကဋ္ဌကပြောပါတယ်။

ပြည်သူတွေ အလှကုန်ဝယ်ယူတဲ့အခါ ရွေးချယ်ဝယ်ယူနိုင်ဖို့FDA မှာ တရားဝင် ကုန်ပစ္စည်းအမှတ်တံဆိပ်အဖြစ် မှတ်တမ်းတင်ထားတဲ့ အလှကုန်ပစ္စည်းလမ်းညွှန်စာအုပ်ကို (၂၀၁၇)နှစ်အတွင်းမှာ ထုတ်ဝေသွားမယ်လို့သိရပြီး ကျေးလက်တောရွာတွေအထိ ဖြန့်ချီသွားမှာ ဖြစ်ပါတယ်။(၂၀၁၇)ခုနှစ်အတွင်း အလှကုန်နမူနာ(၃၀၀)နီးပါးကို စစ်ဆေးခဲ့ပြီး ပြည်တွင်းမှာ FDA ကိုမှတ်တမ်းတင်ပြီးတဲ့အလှကုန်(၉၀၀၀)ကျော်ရှိတယ်လို့သိရပါတယ်။


30 Aug 2017     1,349 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS