BEC-TERO TV

အွန်လိုင်းပေါ်မှာ ပြည့်တန်ဆာ ဖြစ်ခဲ့ရတဲ့ စင်ကာပူက လုပ်ငန်းရှင်အမျိုးသမီး

30 Aug 2017     1,619 Views


စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဟာ WhatsApp အပလီကေးရှင်းမှတစ်ဆင့် သူမထံသို့ အမျိုးသားများ၏ ပျော်ပါးရန်ချိန်းဆိုမှု မက်ဆေ့များကို ရခဲ့ပြီးနောက် အံ့သြဒေါသထွက်ကာ ရဲစခန်းသို့ တိုင်ကြားခဲ့သည်ထိ ဖြစ်ပွားခဲ့သည်။

အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါအမျိုးသမီးဟာ WhatsApp ကနေ အမျိုးသားတစ်ဦးက မက်ဆေ့ပေးပို့ပြီး သူမရဲ့ အချိန်ပိုင်းဝန်ဆောင်မှုနှင့် ပက်သက်ပြီး မေးလာခဲ့သည်။ အလွန်စိတ်ပျက်သွားပြီး သူမ၏ ဖုန်းနံပါတ်ကို ဘယ်ကရလဲဟု မေးရာ ပထမတွင် သူ၏ သူငယ်ချင်းထံမှရသည်ဟု ဖြေကြားခဲ့ပြီး နောက်မှ ဖုန်းနံပါတ်မှားသွားသည်ဟု ဆိုခဲ့သည်။

ယင်ကဲ့သို့ မက်ဆေ့ပေးပို့ခံရသည့်အတွက် ဒေါသဖြစ်ကာ ရဲတိုင်ကြားခဲ့သည်။ ရဲက စုံစမ်းစစ်ဆေးပြီးနောက် သူမ၏ နံပါတ်ကို အပြာဝဘ်ဆိုက်တစ်ခုက ရခဲ့ကြောင်းဝန်ခံခဲ့ပြီး ပြန်လည်တောင်းပန်ခဲ့သည်။

နောက်ထပ် နှစ်နာရီခန့်ကြာသည့်အဆို နောက်ထပ်အမျိုးသားတစ်ဦးဆီမှ အလားတူဝန်ဆောင်မှုမျိုး စုံစမ်းသည့် မက်ဆေ့ ထပ်ရခဲ့ပြန်သည်။ သူမ သိလိုက်ရတာကတော့ သူမရဲ့ ဖုန်းနံပါတ်ကို တစ်စုံတစ်ယောက်က အပြာဝဘ်ဆိုက်တစ်ခုတွင်တင်ထားခဲ့ပြီး နေ့ပိုင်းတွင် သူမ၏ ကလေးများကို စောင့်ရှောက်နေရသည့်အတွက် ည ၉ နာရီနောက်ပိုင်းမှသာ ချစ်တင်းနှောသည့် ဝန်ဆောင်မှုကို ပေးနိုင်ကြောင်း ရေးသားဖော်ပြထားသည်ကို သိလိုက်ရသည်။

ကျွန်မက စီးပွားရေးသမားတစ်ယောက်ပါ၊ ဒီကိစ္စတွေနဲ့ ပက်သက်ဆက်တွယ်ခြင်းမရှိပါဘူး” ဟု တရုပ်သတင်းစာတစ်စောင်ကို ရင်ဖွင့်ပြောကြားခဲ့သည်။
 


30 Aug 2017     1,619 Views




RELATED

Most Popular of Special or Others

Most Popular of NEWS