မလေးရှားတွင် အုပ်စုဖွဲ့ ရိုက်နှက်ခံရသော မြန်မာတစ်ဦး၏ ဖြစ်ရပ်မှန်
30 Aug 2017 1,369 Views

အွန်လိုင်းတွင် ပျံနှံနေသော မြန်မာတစ်ဦး မလေးရှားတွင် ဓားဖြင့်ခုတ်ခံရသည့် သတင်းနှင့်ပတ်သက်ပြီး ကိုယ်တိုင်သွားရောက်ကူညီခဲ့သော ကပုန်းနာရေးကူညီမှု အသင်းမှ ကိုဆန်းဝင်းက အောက်ပါအတိုင်း ရှင်းပြထားခဲ့သည် ။
အသိတရားနှင့်သတိထားသွားကြပါ..
ယနေ့၂၉.၈.၂၀၁၇-ရက်နေ့တွင် ကျွန်တော်နှင့်ပရဟိတညီအကိုများ မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ဂျိုဟိုးမြို့တွင်ကျန်းမာရေးနှင့် ဆုံးပါးသွားသော ကိုဝင်းခိုင်ဦး အသက်(၄၀)နှစ်၊ ကိုဆန်းညွန့် အသက်(၃၅)နှစ်တို့၏နာရေး သဂြိုလ်ရန် ပြုလုပ်နေစဉ် မြန်မာနိုင်ငံသားများ အတိုက်ခိုက်ခံရသဖြင့် ကူညီပေးရန်အတွက် အရေးပေါ်ဖုန်းတစ်လုံး ဝင်လာခဲ့သဖြင့် ဟုတ်မဟုတ်ကို မာလကာမြို့တာဝန်ခံ မြန်မာနိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့(OPAMM) အဖွဲ့ဝင်ထံသို့ ဖုန်းဆက်ကာ ဆေးရုံသို့သွားရောက်စုံစမ်းပေးရန် အကူညီတောင်းခံခဲ့ပါသည်။
မာလကာဆေးရုံကြီးတွင် ရောက်ရှိနေသော(OPAMM)အဖွဲ့ဝင် ဓမ္မရတနာပရဟိတ လူမူကူညီရေးအသင်း(မာလကာမြို့)မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစကားပြောပြီး ဦးခေါင်းတွင်အရိုက်ခံ ဒဏ်ရာရရှိသော မန္တလေးတိုင်း ပျော်ဘွယ်မြို့ ပင်သောင်ကျေးရွာတွင်နေထိုင်သော အဖဦးဖိုးပိန် အမိ ဒေါ်ကြည်ဌေးတို့၏သား မောင်ဖုန်းမြင့်နိုင် အသက်(၂၀)နှစ်နှင့် တွေ့ဆုံမေးမြန်သောအခါ သူနှင့်အတူသူငယ်ချင်း(၃)ဦး ဈေးဝယ်ပြီးလမ်းလျှောက်ပြန်လာပြီး တက်က္ကစီငှါးရန်အသွား အမည်မသိလူတစ်စု၏ အရိုက်ခံရသဖြင့် ဦးခေါင်းတွင်ဒဏ်ရာများရရှိခဲ့ပါသည်။ သူလည်းနီးစပ်ရာမြန်မာဆိုင်တစ်ခုသို့ သွေးသံရဲရဲနှင့်ထွက်ပြေးခဲ့ပါသည်။
အခြားသူငယ်ချင်း ကိုသန်းစိုးမှာ ရိုက်သူများလက်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပါသည် ထို့အပြင်အခင်းဖြစ်ပွါးသည့်အချိန်တွင် ခွန်ထွန်းကြည်(ပအို့အမျိုသား)မှာ အရင်တိုက်ခိုက်ခံရကြောင်း ကိုဖုန်းမြင့်နိုင်ပြောစကားအရ သိရှိရပါသည်။ အစောပိုင်းတွင် ကိုထွန်းကြည်မှာ သွေးထွက်များသဖြင့် စိုးရိမ်ရပါသည်။ သို့ရာတွင် အချိန်မှီဆေးရုံရောက်ရှိခြင်းတို့ကြောင့် လူနာများ ဆိုးရွားသောအခြေအနေမှကျော်လွှာနိုင်ခဲ့ပြီး သူဌေးဖြစ်သူမှ ဆရာဝန်မျာအား မေးမြန်သောအခါ ယနေ့ညတွင် လူနာနှစ်ဦး ထပ်မံ၍လိုအပ်သည်များ အော်ပရေးရှင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြားသိခဲ့ရပါသည်။
လူမူကွန်ယက်စာမျက်နှာပေါ်တွင် လူနာများသေဆုံးသည် ဆိုသည်မှာ မဟုတ်မှန်သဖြင့် မြန်မာနိုင်ငံရှိမိသားစုများ စိုးရိမ်မူ သောကများကင်းဝေးရန်နှင့် မလေးရှားနိုင်ငံအတွင်း ပေါ်ထွက်နေသော သတင်းမှားများကြောင့် ကြောက်လန့်မူများမရှိစေရန် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသူ/သားမျာအားလုံး****အသိတရားနှင့်သတိထားသွားလာကြပါရန်*****အသိပေးလိုက်ပါသည်။
ကပုန်း(၇’)ရက်သားသမီးနာရေးကူညီမူအသင်း(မလေးရှား)
ဟူ၍ အဖြစ်ရပ်မှန်အား ရှင်းလင်း ပြောကြားပေးထားသည် ။
သတင်းရင်းမြစ် - ကပုန်း(၇’)ရက်သားသမီးနာရေးကူညီမူအသင်း(မလေးရှား)