ပစ်ထားခံရတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦး လမ်းမပေါ်တွင် ကလေးမီးဖွားခဲ့ရ(ရုပ်သံ)
30 Aug 2017 1,393 Views
ဒီသတင်းဟာ အလွန်စိတ်ထိခိုက်ကြေကွဲ ဝမ်းနည်းစရာ သတင်းတစ်ပုဒ် ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ဖိနှိပ်ထားတဲ့ဓလေ့တွေ ကြီးစိုးနေသေးတဲ့ အိန္ဒိယနိုင်ငံက အသက် ၁၇ နှစ်အရွယ်သာ ရှိသေးတဲ့ မိန်းကလေးတစ်ဦးအတွက်တော့ လမ်ဘေးမှာပဲ ကူညီစောင့်ရှောက်သူ ကင်းမဲ့စွာနဲ့ ကလေးမွေးခဲ့ရတဲ့ အဖြစ်ဟာ တစ်ကယ့် ငရဲခန်းတစ်ခုဖြစ်မှာ သေချာပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာကတ်ပြည်နယ်က အသက် ၁၇ နှစ်အရွယ် မိန်းကလေးဟာ ရည်းစားနဲ့ ကိုယ်ဝန်ရခဲ့တာကြောင့် သူမရဲ့ မိသားစုက အိမ်ပေါ်မှနှင်ချ မောင်းထုတ်ကာ ပစ်ပယ်ခြင်းခံခဲ့ရပါတယ်။ ရည်းစားဖြစ်သူကလည်း စည်းမစောင့်ခဲ့ပဲ ကိုယ်ဝန်ရှိလာတော့ ထားသွားခဲ့ပါတယ်။ မိန်းကလေးဟာ ကူသူကယ်သူမဲ့စွာ ဗိုက်တစ်လုံးနဲ့ လမ်းဘေးရောက်ခဲ့ရပါတယ်။
ဒေသခံတွေ အဆိုအရ ကိုယ်ဝန်ကြီးနဲ့ မိန်းကလေးကို လမ်းပေါ်မှာ တွေ့နေတာ လေးလကျော်လောက် ကြာပြီလို့ ဆိုကြပါတယ်။ မွေးဖွားချိန်ရောက်လာတဲ့အခါ မိန်းကလေးဟာ လမ်းဘေးမှာပဲ ကလေးကို ခက်ခက်ခဲခဲမွေးဖွားခဲ့ရပါတယ်။ သွေးတွေရွှဲနစ်နေတဲ့ အဝတ်စားမှာ မွေးကာစကလေးလေးကို ချက်ကြိုးတန်းလန်းနဲ့ အခြေအနေကို အနားက ဖြတ်သွားတဲ့ အမျိုးသမီးတစ်ဦးက မော်တော်ယာဉ်တွေ မတိုက်မိအောင် သူမနဲ့ မနီးမဝေးမှာ လမ်းကိုကာထားပေးခဲ့ပါတယ်။
အဲဒီနောက်တော့ သုံးဘီးတစ်စီးငှားပြီး ဆေးရုံသို့ ပို့ပေးခဲ့ပါတယ်။ ဆေးရုံရောက်တဲ့ အခါမှာ ဆေးရုံဝန်ထမ်းတွေက အုပ်ထိန်းသူမပါတဲ့အတွက် ဆေးဝါးအကူအညီပေးဖို့ကို ငြင်းဆန်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ Dr.Lakhindra Handsa ရောက်လာပြီး အကူအညီပေးခဲ့တဲအတွက် မိခင်ရောကလေးကိုပါ ဆေးဝါးကုသပေးခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်နဲ့ ပက်သက်ပြီး ကနဦးမှာ ဆေးရုံဝန်ထမ်းတွေ အကူအညီမပေးခဲ့တဲ့အတွက် ဆေးဝါးကုသမှု နောက်ကျခဲ့တဲ့အပေါ် လူတွေက ဒေါသထွက်ခဲ့ကြပါတယ်။ အဲဒီအတွက် Dr.Lakhindra Handsa က ဖြစ်စဉ်နဲ့ပက်သက်ပြီး ကြောငြာချက်တစ်စောင် ထုတ်ခဲ့ရပါတယ်။
ကြောညာချက်မှာတော့ ဆေးရုံမှာ သူနာပြု နှစ်ယောက်သာရှိပြီး သူတို့နှစ်ဦးဟာလည်း အဲဒီအချိန်က အမွှာပူးကလေး မွေးနေတာကို လုပ်ကိုင်ပေးနေရတဲ့အတွက် လစ်လျူရှုသလိုဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ယခုလိုအခြေအနေ ဖြစ်ခဲ့သော်လည်း မိန်းကလေး၏ မိဘများကို ဆက်သွယ်ခြင်းမရှိပဲ၊ ဆေးရုံမှ တာဝန်ရှိသူများက မိန်းကလေးနှင့် သူမ၏ ကလေးအတွက် လိုအပ်သည်များကို NGO များထံ အကူညီတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။