BEC-TERO TV

အမျိုးသမီးများ ချိုင်းမွှေးတစ်ခေတ် ဆန်းသစ်နိုင်ခဲ့ပြီ

31 Aug 2017     1,616 Views


ချိုင်းမွှေးတွေရှည်လာတဲ့အခါ သင်ဘာလုပ်တတ်ပါသလဲ..? ရိတ်ပစ်လား..? ဒါမှမဟုတ် ဒီတိုင်းပဲ အရှည်ထားဖြစ်လား..?
လူမှုပတ်ဝန်းကျင်မှာ ယောက်ျားလေးတွေ ချိုင်းမွှေးရှိတာ/ရှည်တာ အဆန်းမဟုတ်ပေမယ့် မိန်းကလေးတွေမှာ ရှိနေရင်တော့ နဲနဲထူးဆန်းသလို ဖြစ်တတ်ပါတယ်။ အချို့အမျိုးသမီးတွေက ယောက်ျား၊ မိန်းမ တန်းတူအခွင့်အရေးရှိတယ်ဆိုတာကို ပြချင်တဲ့သဘောနဲ့ တမင် ချိုင်းမွှေးမရိတ်ပဲ ဒီတိုင်းထားတတ်ကြတာတွေလည်း ရှိပါတယ်။


ဒီလိုနဲ့ အမျိုးသမီးတွေမှာ ချိုင်မွှေးမရိတ်ပဲ ထားလာကြတာ သိပ်မထူးဆန်းတော့သလို ဖြစ်လာပါတယ်။ အဲဒီလို ချိုင်းမွှေးထားတဲ့ အမျိုးသမီးတွေထဲမှာ နာမည်ကြီးဆယ်လီတွေတောင်ပါလာပါတယ်။


အခုတော့ အမျိုးသမီးတွေမှာ ချိုင်းမွှေးရှိခြင်းက စတိုင်တစ်မျိုးအဖြစ် တစ်ခေတ်ပြောင်းလာပြီလို့ ဆိုရတော့မှာ ဖြစ်ပါတယ်။ ဆံပင်အရောင်ဆိုးသလို ချိုင်းမွှေးတွေကို ဆေးဆိုးထားတဲ့ အမျိုးသမီးများရဲ့ စတိုင်က အွန်လိုင်းမှာ နေ့ချင်းညချင်း နံမည်ကြီးသွားခဲ့ပါပြီ။


ချိုင်းမွှေးရှိတာကို ရှက်စရာလို့ မမြင်ကြတော့ပဲ စိတ်ကြိုက်အရောင်ဆိုးပြီး စတိုင်ထုတ်လာတာတဲ့ အထဲမှာ အဆိုတော် မိုင်လီဆိုင်းရပ်စ် လဲအပါအဝင်ဖြစ်ပါတယ်။
ချိုင်းမွှေးယဉ်ကျေးမှုဟာ အနောက်နိုင်ငံမှာ ထွန်းကားလာပေမယ့် မြန်မာအမျိုးသမီးတွေရော မြန်မာ့ယာဉ်ကျေးလူ့အဖွဲ့အစည်းမှာ အဆင်ပြေနိုင်ပါ့မလာ..?

ကဲ.. ချိုင်းမွှေးတွေ ရှည်လာတဲ့အခါ သင်ဘာလုပ်ဦးမှာလဲ...? ပြောပြခဲ့ဦးနော်..။


31 Aug 2017     1,616 Views




RELATED

Most Popular of Special or Others

Most Popular of Entertainment