BEC-TERO TV

ရန်ကုန်တိုင်းဒေသကြီးမှ လယ်မြေများတခြားနည်းလမ်းဖြင့် အသုးံချခွင့်ပေးမည် မဟုတ်

31 Aug 2017     1,349 Views


ဒုတိယသမ္မတဦးမြင့်ဆွေ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဦးကျော်ဝင်း နှင့် ကုန်သည်စက်မှုအသင်းချုပ်မှလုပ်ငန်းရှင်များ ၉ကြိမ်မြောက် ပုံမှန်တွေဆုံပွဲမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီးအတွင်းက လယ်မြေများ တခြားနည်းလမ်းဖြင့် အသုးံချခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လယ်မြေတွေကို ကိုယ်တိုင်လုပ်ကိုင်ခြင်းမရှိပဲ ၀ယ်ယူပြီး အခြားနည်းလမ်းတွေအသုးံပြုကာ လယ်မြေကိုလုပ်ကွက်တစ်ခုလို လုပ်ကိုင်နေတာတွေကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ခွင့်ပြုမှာမဟုတ်ဘူးလို့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်တာပါ။ လယ်မြေတွေမှာ မြေကွက်ရိုက်ရောင်းပြီး၊ကိုယ်ပိုင်စက်မှုဇုန်တွေ တည်ထောင်တာတွေဟာ လူတစ်ဦးခြင်းစီမှာ လုပ်ကိုင်ခွင့်မရှိပဲ မြို့ကွက်ချဲ့တာတွေ၊စက်မှုဇုန်တည်ထောင်တာတွေကို ပြည်ထဲရေး ၀န်ကြီးဌာနမှာပဲ ဥပဒေအရလုပ်ပိုင်ခွင့်ရှိတာ ဖြစ်တယ်လို့ ၀န်ကြီးချုပ်ကပြောပါတယ်။လယ်မြေတွေ ဈေးကြီးနေတာတွေဟာ စိုက်ပျိုးလုပ်ငန်းနဲ့ငါးမွေးမြူရေးလိုလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် အခက်အခဲတွေရှိနေတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ငါးမွေးမြူရေးလုပ်ကိုင်လိုသူတွေ၊ အထူးစီမံကိန်းများဆောင်ရွက်လိုသူတွေကိုတော့ မြေဈေးသက်သာသောနှုန်းဖြင့်ရရှိစေဖို့ကို အထူးစီမံချက်အနေနဲ့ ပြည်တောင်စုအစိုးရကို တင်ပြဆောင်ရွက်ပေးမှာဖြစ်ပြီး ဒီလိုဆောင်ရွက်ပေးတာ ဟာလည်း မြေဈေးကြောင့် ရင်းနှီးမြုပ်နှံမှုတွေကို အနှောင့်အယှက်မဖြစ်ဖို့ဖြစ်တယ်လို့ပြောပါတယ်။


31 Aug 2017     1,349 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS