မြန်မာနိုင်ငံဟာ ဆိုက်ဘာလုံခြုံမှုအနည်းဆုံး ငါးနိုင်ငံမှာပါဝင်နေကြောင်း မိုက်ခရိုဆော့ဖ်က ထုတ်ပြန်
31 Aug 2017 1,461 Views

မြန်မာနိုင်ငံဟာ ဆိုက်ဘာလုံခြုံမှုအနည်းဆုံးအဖြစ် ငါးနိုင်ငံမှာပါဝင်ကြောင်း Microsoft ရဲ့ ဆိုက်ဘာလုံခြုံရေးအစီရင် ခံစာအသစ်ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးထောက်လှမ်းမှု အစီရင်ခံစာ (Security Intelligence Report – SIR) အတွဲ ၂၂ မှ တွေ့ရှိချက်တွေကို Microsoft Asia Pacific က ထုတ်ပြန်ခဲ့ရာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အင်ဒို နီးရှားနဲ့ ဗီယက်နမ်တို့က အာရှပစိဖိတ်ဒေသမှာ ဆော့ဖ်ဝဲတွေကနေ တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းအနည်းဆုံးနိုင်ငံတွေဖြစ်ကြောင်း တွေ့ရှိ ကြောင်း သိရပါ တယ်။ သည်အစီရင်ခံစာအရ ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း၊ အာရှပစိဖိတ်ဒေသအတွင်းမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေရှိ Miscrosoft ရဲ့ တစ်ပြိုင် နက်ဖြေရှင်းပေးနိုင်တဲ့ လုံခြုံရေး ကာကွယ်မှု ထုတ်ကုန်တွေကို အသုံးပြုနေတဲ့ ကွန်ပျူတာလေးလုံး ရဲ့ တစ်လုံးမှာ malware နဲ့ တွေ့ ကြုံခဲ့ကြောင်း မိုက်ခရိုဆော့ဖ်က ဆိုပါတယ်။ သည်နှစ် ၂၀၁၇ နှစ်စမှာ မြန်မာနိုင်ငံကို malware (ကွန်ပျူတာနှင့် ကွန်ပျူတာစနစ်တွေကို နှေးကွေးစေ၊ ပျက်စီးစေသည့် software တစ်မျိုး) တွေနဲ့ ထိတွေ့မှုမှာ ပျမ်းမျှ ၂၃.၈ ရာခိုင်နှုန်းရှိ ကြောင်းတွေ့ရှိရပါတယ်။
သည် ပျမ်းမျှနှုန်းက နိုင်ငံတကာမှာ တွေ့ ကြုံရမှု ပျမ်းမျှနှုန်း ကိုး ရာခိုင်နှုန်းထက် နှစ်ဆမက ပိုများနေတာဖြစ်ကြောင်း စစ်တမ်းအရ သိရပါတယ်။ မြန်မာနိုင်ငံက Cloud နည်း ပညာနဲ့ မိုဘိုင်းစနစ်သုံးဝန်ဆောင်မှုတွေကို ဦးစားပေးတဲ့နိုင်ငံတစ်ခု ဖြစ်ပြီး KBZ Bank, Awba စတဲ့ အဖွဲ့အစည်းတွေနဲ့ အခြားအဖွဲ့အစည်းတွေက ဒစ်ဂျစ်တယ်စနစ်ဆီ ကို ပြောင်းလဲလာကြတဲ့အနေအထားမှာ ဆိုက်ဘာလုံခြုံရေးက မဖြစ်မနေ ဂရုပြုရမယ့်ကိစ္စတစ်ရပ်ဖြစ်ကြောင်း မိုက်ခရိုဆော့ဖ်က အကြံပြုပါတယ်။ ပြီးခဲ့သည့် ဇန်နဝါရီလက ပြည်တွင်းမှာ စတင်အသုံးပြုခဲ့တဲ့ Miscrosoft Office 365 လိုမျိုးဆော့ဖ်ဝဲတွေက အချက်အလက်နဲ့ Cloud လုံခြုံရေးကို လုပ်ဆောင်ပေးတဲ့အပြင် အသုံးပြုရ မြန်ဆန်မှု၊ ပူးတွဲအသုံးပြုနိုင်မှုနဲ့ ကုန်ထုတ်စွမ်းရည်တွေကို တိုးမြှင့် ပေးနိုင်ပါတယ်။
“SIR အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ malware တွေရဲ့ တိုက်ခိုက်မှုကို အခံရနိုင်ဆုံး နိုင်ငံတွေမှာ ပါဝင်နေပြီး Microsoft က မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပုဂ္ဂလိကနဲ့ ပြည်သူပိုင် အဖွဲ့အစည်း အားလုံးကို ၄င်းတို့ရဲ့ အင်တာနက် လုံခြုံရေးအကြောင်း ပိုမိုစဉ်းစားဖို့ တိုက်တွန်းလိုပါတယ်၊ ကုမဏီတွေရဲ့ အွန်လိုင်းပိုင်ဆိုင်မှုတွေနဲ့ အချက်အလက်တွေကို ဒစ်ဂျစ်တယ် စနစ်သို့ အသွင်ကူးပြောင်း နေချိန်မှာ ကူညီကာကွယ်ပေးမယ့် အဖွဲ့တစ်ခုက ကျွန်မတို့ဆီမှာ အဆင်သင့်ရှိပါတယ်” လို့ Microsoft Asia Pacific မှာ Marketing and Operations Lead ဖြစ် သူ Rena Chai က ဆိုပါတယ်။
နောက်ဆုံးပေါ်အစီရင်ခံစာမှာ သီးခြားဈေးကွက် ၁၀ဝ ကျော်မှ Cloud ကို ထိခိုက်စေတဲ့ အချက်အလက်နဲ့ ဖြစ်ရပ်ပုံစံတွေအပြင် အဆုံးသတ်အမှတ်တွေကို ခြေရာ ခံပေးထားတာဖြစ်ပြီး အဖွဲ့အစည်းတွေအနေနဲ့ တိုက်ခိုက်မှုတွေကို ပိုမိုကောင်းမွန်စွာကာကွယ်နိုင်ဖို့၊ ထောက်လှမ်းသိရှိနိုင်ဖို့နဲ့ ပြန် လည်တုံ့ပြန်နိုင်ဖို့အတွက် အကောင်းဆုံးလုပ်ဆောင်မှုပုံစံတွေနဲ့ ဖြေရှင်းမှုတွေကိုလည်း မိုက်ခရို ဆော့ဖ်က မျှဝေပေးထားပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ မိမိတို့ ဆိုက်ဘာထိခိုက်မှုကို လျှော့ချ နိုင်ဖို့နဲ့ တိုက်ခိုက်မှုပုံစံအမျိုးမျိုးကို ခုခံနိုင်ဖို့အတွက် အကောင်းဆုံး လုပ်ဆောင်မှု လေးမျိုးကို မိုက်ခရို ဆော့ဖ်က အောက်ပါအတိုင်း နည်းလမ်းပေးထားပါတယ်။ တိုက်ခိုက်သူတွေဘက်က ဒစ်ဂျစ်တယ်ဆက်သွယ်မှုတွေကို ခိုး ယူကြည့်ရှုနိုင်တဲ့ login ဝင် ရောက်မှုတွေနဲ့ password တွေကို ဖမ်းယူထားနိုင်တဲ့ ကိုယ်ရေး ကိုယ်တာဆိုင်ရာ အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုနိုင်တဲ့ အများသုံး Wi-Fi တွေနဲ့ အလုပ် လုပ်ခြင်းကနေ ရှောင်ကြဉ်ပါ။
ဆော့ဖ်ဝဲတွေကို လုပ်ဆောင် ချက်အသစ်ဖြစ်လေ လုံခြုံမှုအတွက် safe ဖြစ်လေဖြစ်တာ ကြောင့် အမြဲအပ်ဒိတ်မြှင့်တင် ထားပါ။ အပ်ဒိတ်မြှင့်ခြင်းက ထိခိုက်လွယ်မှုနဲ့ အသုံးချခံရမှုအန္တရာယ်ကို လျှော့ချပေးနိုင်တာဖြစ်ပါ တယ်။ သုံးစွဲသူတွေအနေနဲ့ ရိုးရှင်း တဲ့ password တွေကို ရှောင်ပါ။ မွေးနေ့လိုရက်တွေ၊ အထင်ကရ ဖြစ်တဲ့ စာလုံးတွေကို အသုံးမပြုပါ နဲ့။ ရှုပ်ထွေးတဲ့အက္ခရာနံပါတ်တွေနဲ့သာ ပက်စ်ဝေါ့ထားပါ။ အရေးကြီးတဲ့ အချက်အလက်တွေကို အသုံးပြုကြည့်ရှုနိုင် မှုနဲ့ ပူးတွဲအဖွဲ့အစည်းတွေရဲ့ ကွန်ရက်အသုံးပြုနိုင်မှုတို့ကို သင့် တော်တဲ့သုံးစွဲသူတွေ၊ နေရာတွေ၊ ကိရိယာတွေနဲ့ လုပ်ဆောင်မှုစနစ်တွေကနေ ရယူနိုင်စေဖို့ ထိန်းချုပ် မယ့်လုံခြုံရေးမူဝါဒတွေ ချမှတ်ထားပါ။ အဆိုပါ မူဝါဒတွေက အခွင့်အာဏာမရှိတဲ့ အသုံးပြုသူတွေကို အသုံးပြုမှု အလိုအ လျောက်ပိတ်နိုင်သလို password ပြန်လည်ပြောင်းလဲဖို့နဲ့ အ ခြေခံအချက်အမျိုးမျိုးကို အသုံးပြု ပြီး အတည်ပြုတဲ့ စနစ်ကိုလည်း အသုံးပြုစေနိုင်ပါတယ်။
Credit : kumudranews