BEC-TERO TV

ရိုဟင်ဂျာအရေး ဆန္ဒပြသူများ ဥပဒေချိုးဖောက်သဖြင့် ဖမ်းဆီး

01 Sep 2017     1,288 Views


မလေးရှားနိုင်ငံ မြန်မာသံရုံးအနီး အန်ပန်းပတ်ခ်(Ampang Park) အနီး ရိုဟင်ဂျာအရေး ဆန္ဒပြသူများ ဥပဒေကို ဆန့်ကျင်ချိုးဖောက်မှု စတင်ခဲ့သဖြင့် ဖမ်းဆီးခံရကြောင်း မလေးရှားသတင်းစာ TheStar တွင် ဖော်ပြပါရှိခဲ့သည်။

ဆန္ဒပြသူများဟာ အနီးနားမှာ ဖြတ်သန်းမောင်နှင်သွားကြတဲ့ ကားများကို စတင်ရိုက်ပုတ် ထုနှက်ခဲ့တာကြောင့် အဆိုပါလမ်းမကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း OCPD မှ လက်ထောက်အရာရှိ မိုဟာမက် ဆူကရီ ကာမန်က ပြောကြားခဲ့ပါတယ်။

ဘယ်နှစ်ယောက်အဖမ်းခံရတယ်ဆိုတာ အတိအကျမပြောနိုင်သေးပေမယ့် တော်တော်များများတော့ ဖမ်းခံထားရတယ်” ဟု သြဂုတ်လ ၃၁ ရက်နေ့က အဆိုပါအဖြစ်အပျက်ကို ထိန်းသိမ်းပြီးချိန်တွင် ပြောကြားခဲ့သည်။

ဆန္ဒပြသူတွေဟာ အန်ပန်းလမ်းမ(Jalan Ampang) မှာရှိတဲ့ ဈေးဝယ်စင်တာအနီးမှာ နံနက် ၁၁ နာရီလောက်က စုရုံးရောက်ရှိခဲ့ပြီးနောက် ရိုဟင်ဂျာအရေးနဲ့ပက်သက်ပြီး ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အန်ဂျီအိုအဖွဲ့အစည်းအချို့ ဦးဆောင်တဲ့ လူအုပ်ကြီးဟာ မြန်မာသံရုံးသို့ ချီတက်ခဲ့ပြီး သူတို့ရဲ့ တောင်းဆိုမှုတွေကို မြန်မာသံရုံးတာဝန်ခံကို ပေးအပ်ခဲ့ပြီး နှစ်နာရီခန့်အကြာမှာ လူစုခွဲထွက်သွားကြောင်း ရေးသားဖော်ပြထားပါတယ်။
ရဲတွေဟာ ဆန္ဒပြသူတွေထဲမှာ တရားဝင်ခရီးသွားစာရွက်အထောက်အထား အသေအချာမပြနိုင်သူတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဆန္ဒပြသူများရဲ့ သောင်းကျန်းတဲ့ ဗီဒီယိုတွေ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပေမယ့် ရဲအဖွဲ့ကတော့ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ အစ္စလာမ်မစ် အန်ဂျီအို အဖွဲ့တွေက နိုင်ငံတွင်းမှာရှိတဲ့ မြန်မာတွေကို မောင်းထုတ်ဖို့ အစိုးရကို တောင်းဆိုနေကြပါတယ်။
မလေးရှားအစ္စလာမ်မစ်အဖွဲ့အစည်း Malaysian Consultative Council of Islam Organisations (Mapim) ၏ ဥက္ကဋ္ဌ Mohd Azmi Abdul Hamid က -
မင်းတို့ကိုမလိုအပ်ဘူး။ ကိုယ့်နိုင်ငံကိုယ်ပြန်ကြ။ မင်းတို့မရှိလည်း ငါတို့ဆီမှာ ဘာပြဿနာမှာဖြစ်မှာမဟုတ်ဘူး။ ဒီမှာနေစရာမလိုဘူး” လို့ မြန်မာသံရုံးရှေ့မှာ ပြောကြားခဲ့ပါတယ်။


မိုဟာမက် အဇာမီကတော့ “ဒီကိစ္စဟာ ရိုဟင်ဂျာအရေးတစ်ခုထဲကို သက်ရောက်စေတာမဟုတ်ပါဘူး၊ မြန်မာတစ်နိုင်ငံလုံး အတွက်ပါ။ ကျွန်တော်တို့ ငြိမ်းချမ်းတဲ့ တိုင်းပြည်နဲ့ နယ်မြေဒေသ ဖြစ်စေချင်ပါတယ်။ ကျွန်တော်တို့အချင်းချင်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

သတင်းရင်းမြစ်−TheStar




 


01 Sep 2017     1,288 Views




RELATED

Most Popular of International News

Most Popular of NEWS