တစ်နာရီလောက်ပဲ အိပ် ၊ထမင်းတစ်နပ်ပဲစားပြီး အလှူငွေရှာခဲ့တယ်ဆိုတဲ့ မိုင်လေး
04 Sep 2017 1,345 Views

နိုင်ငံခြားဖျော်ဖြေရေးတွေ သွားနေတဲ့ အဆိုတော် ရတနာမိုင်ဟာ လက်တလောဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး “မိုင်လေးအရမ်းစိတ်မကောင်းဖြစ်ရပါတယ် ။ အိပ်လို့လဲမရဘူး ၊တွေးမိတိုင်းစိတ်ထိလိုက်ရပါတယ် ။ ကိုယ့်ရခိုင်ပြည်နယ်က ကိုယ့်လူမျိုးတွေ အခုလို ဒုက္ခရောက်နေကြတော့ အားလုံးအေးချမ်းပြီး မိသားစုတွေ အသက်အန္တရယ် ဘေးကင်းကြပါစေလို့ အမြဲတမ်းဆုတောင်းမေတ္တာပို့နေပါတယ် ။ အခုလည်း ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်မှ မြန်မာနိုင်ငံသားများမှ ပရဟိတရန်ပုံငွေ လှူဒါန်းပေးလို့ သာဓုခေါ်ပါတယ် ။ ကျေးဇူးလဲ အထူးတင်ပါတယ် ။
သြဂုတ်လ ၁၀ ရက်ထဲက မနားမနေ တစ်မြို့ပြီးတစ်မြို့ကိုလိုက်ပြီး သီဆိုဖျော်ဖြေဖြစ်ပါတယ် ။stage show ပွဲကြီးတွေကော family gathering ပွဲတွေရော လှူဒါန်းချင်တဲ့ မြို့တွေအားလုံးဆီလိုက်ပြီး အလှူခံပေး သီဆိုပေးနေတာပါ ။ အခုထင်ထားတာထက် အလှူငွေတွေ အများကြီးရနေပြီမို့ဘယ်လောက်ပဲ ပင်ပန်းနေပါစေ ၊ အိပ်ရေးပျက် အစားပျက်ပြီးတချို့ရက်တွေ ၁ နာရီလောက်သာ အိပ်ခဲ့ ရပြီး တစ်ခါတစ်လေမှာ စားချိန်တောင်မရလိုက်တဲ့ အတွက် ထမင်း တစ်နပ်သာ စားခဲ့ ရတာတွေကို လုံးဝ ပင်ပန်းတယ်လို့ မထင်ဘဲ မိုင်လေးချစ်ရတဲ့ ကိုယ့်လူမျိုးတွေကို အခုလို မိုင်လေးတို့ တက်နိုင်တဲ့ ဘက်က လူအားငွေအားနဲ့ ကူညီပေးခွင့်ရလို့ အရမ်းပီတိဖြစ်ရပါတယ်” ဆိုပြီးပြောသွားခဲ့ပါတယ် ။
credit:oasis