BEC-TERO TV

ကလေးချီထားတဲ့အမျိုးသမီးကို ကလေးနှင့်အတူ ရဲကကိုင်ပေါက် (ရုပ်သံ)

04 Sep 2017     1,455 Views


ကလေးလေးချီထားတဲ့ အမျိုးသမီးတစ်ဦးကို ရဲနှစ်ဦးက ကြမ်းကြမ်းတမ်းတမ်း ပြုမူပုံစံပေးခဲ့တဲ့ ဗီဒီယိုအွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် ရဲများ၏ လုပ်ရပ်အတွက် ဝေဖန်မှုများ ပြင်းထန်ခဲ့ပါတယ်။

ဗီဒီယိုပါ ပုံရိပ်အရ ရဲကားတစ်စီး ရပ်ထားသော လူသွားပလပ်ဖောင်းပေါ်၌ ရဲတစ်ဦးနှင့် ကလေးလေးကို ပခုံးထမ်းချီထားတဲ့ အမျိုးသမီးတစ်ဦးတို့ အပြန်အလှန် စကားများနေခဲ့ပါတယ်၊ အမျိုးသမီးက ကလေးတစ်ဖက်နဲ့ ရဲကို တစ်ကြိမ်နှစ်ကြိမ်ခန့် ရင်ဘတ်ကို တွန်းခဲ့ပါတယ်။

ရဲက ဒေါသထွက်လာပြီးနောက် အမျိုးသမီးကို ကိုင်ပေါက်ခဲ့ရာ ကလေးမှာလည်း ကိုင်ပေါက်ခံရသလို ပလက်ဖောင်းပေါ် ပြုတ်ကျခဲ့ပါတယ်။ နောက်ထပ်ရဲတစ်ဦး ကားထဲက ထွက်လာပြီးနောက် အမျိုးသမီးကို အတင်းဝိုင်းချုပ်နေစဉ် ပတ်ဝန်းကျင်မှ လူများဝိုင်းလာပြီး နာသွားလို့ ငိုနေတဲ့ ကလေးငယ်ကို ဝိုင်းဝန်း ပွေ့ချီခဲ့ကြပါတယ်။

အဆိုပါဗီဒီယို တရုပ်လှုမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် အာဏာပိုင်များက အဆိုပါရဲနှစ်ဦးကို ရာထူးမှခတ္တရပ်ဆိုင်းကာ စုံစမ်းစစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အမျိုးသမီးနှင့် ကလေးကို နီးစပ်ရာ ဆေးရုံတွင် ဆေးကုသပေးခဲ့ရာ အမျိုးသမီး၏ မျက်နှာစုတ်ပြဲဒဏ်ရာနှင့် ကလေးငယ်၏ လက်မောင်းတွင် ပွန်းပဲ့ရာများ ကုသပေးခဲ့ရသည်။


04 Sep 2017     1,455 Views




RELATED

Most Popular of Special or Others

Most Popular of NEWS