BEC-TERO TV

အဆိုတော် အမွန်း ပထမဆုံးသရုပ်ဆောင်ထားသည့် “ဒုဋ္ဌဝတီကိုကျော်လွန်၍” ဇာတ်ကားကြီး

05 Sep 2017     1,459 Views


အဆိုတော် အမွန်း ပထမဆုံးသရုပ်ဆောင်ထားသည့် “ဒုဋ္ဌဝတီကိုကျော်လွန်၍” ဇာတ်ကားကြီးကို ယခုနှစ်အတွင်း ပရိတ်သတ်များကြည့်ရှုနိုင်အောင်လုပ်ဆောင်နေပါတယ်။ “ကိုယ်သရုပ်ဆောင်တာ ပထမဆုံးဇာတ်ကားလည်းဖြစ်တယ်။နောက်ပထမဆုံးအနေနဲ့ ခေါင်းဆောင်မင်းသမီးလည်းလုပ်ဖြစ်တယ်ဆိုတော့ အဲဒါကြောင့် စိတ်လှုပ်ရှားပါတယ်။အမွန်းသရုပ်ဆောင်ရတာကို တကယ်ကြိုက်ပါတယ်။မင်းသား မင်းသမီးတွေကိုလည်း လေးစားပါတယ်” ဟုပြောပါတယ်။

“သီချင်းအသစ်တွေကို အသံသွင်းနေပါတယ်။အခုသွင်းနေတဲ့ သီချင်းတွေမှာ ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေလည်းပါ ပါတယ်။နောက်သီချင်းတွေက အင်္ဂလိပ်သီချင်းတွေရော မြန်မာသီချင်းတွေရောပါ ပါတယ်။ပရိတ်သတ်ကို အကောင်းဆုံးချပြနိုင်အောင် လုပ်ဆောင်နေပါတယ်။နောက်ရည် ရွယ်ချက်တစ်ခုတော့ ပြည်ပကို ဂီတပိုင်းနဲ့ ထိုးဖောက်ချင်ပါတယ်။အဲဒါက အကြီးမားဆုံးအိမ်မက် တစ်ခုလည်းဖြစ်ပါတယ်။ပြည်ပကို ထိုးဖောက်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း ကိုယ်တိုင်အနုပညာဝမ်းစာပြည့်နေဖို့လို အပ်ပါတယ်” ဟုလည်း ဆက်ပြောပါတယ်။

Credit : DEMOCRACY (KZYH)


05 Sep 2017     1,459 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment