ကျပ်တစ်သောင်းတန်နှင့် ငါးထောင်တန် ဒီဇိုင်းအသစ် ထမ်မံထုတ်မည်ဟူသော သတင်းမမှန်ကန်
06 Sep 2017 1,604 Views

စက်တင်ဘာလ ၅ ရက်နေ့က လူမှုကွန်ယက်နှင့် ပြည်တွင်းမီဒီယာအချို့တွင် ရေးသားဖော်ပြနေကြသည့် ကျပ်တစ်သောင်းတန်နှင့် ငါးထောင်တန် ငွေစက္ကူဒီဇိုင်းအသစ် ထပ်မံထုတ်ဝေမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြောကြားလိုက်သည်။
“ဒီဇိုင်းအသစ်တွေ ထုတ်မယ်ဆိုတဲ့အသံလဲမကြားဘူး။ အရင်တုန်းက ဒီဇိုင်းတွေကို အဆင့်မြှင့်ခဲ့တာတွေကိုပဲ လက်ရှိသုံးနေကြတာပါ။ ဒီဇိုင်းအသစ်ထုတ်မယ်ဆိုရင် ကိုယ်တို့အဆင့်တွေနဲ့လည်း လုပ်လို့မရဘူး။ ဗဟိုဘဏ်ဥက္ကဋ္ဌအဆင့်လောက်ကနေ အစိုးရအဖွဲ့ရုံးကိုတင်၊ အစိုးရအဖွဲ့ရုံးကနေ လွှတ်တော်တင်ပြီး အတည်ပြုမှ လုပ်လို့ရမှာ။ အခုက လွှတ်တော်တင်တာ အတည်ပြုတာတွေလည်း ဘာမှ မရှိသေးဘူး။ ကိုယ်တို့က အစိုးရလွှတ်တော်ရဲ့ ကွပ်ကဲမှဒအောက်မှာ လုပ်ရတာလေ” ဟု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးစီမံခန့်ခွဲမှုဌါနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက စက်တင်ဘာလ ၅ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း ဒီမုကရေစီတူဒေး ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သည်။
သတင်းရင်းမြစ် − ဒီမိုကရေစီတူဒေး