လိင်ပြောင်းလေယာဉ်မယ်များနှင့် ပြေးဆွဲမည့် ထိုင်းလေကြောင်းလိုင်း
06 Sep 2017 1,748 Views

ထိုင်လေကြောင်းလိုင်း တစ်ခုဖြစ်သော PC Air လေကြောင်းလိုင်းက လိင်ပြောင်းလဲထားသည့် လေယာဉ်မယ်များကိုသာ ငှားရမ်းပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရသည်။
PC Air လေကြောင်းလိုင်းက ငှားရမ်းခဲ့သည့် လိင်ပြောင်းလေယာဉ်မယ်များထဲတွင် Miss Tiffany 2017 အလှမယ်ပြိုင်ပွဲတွင် အနိုင်ရရှိသွားသော Thanyarat Film Jiraphatpakorn လည်းအပါအဝင်ဖြစ်သည်။
PC Air လေကြောင်းလိုင်း၏ လေယာဉ်မယ်ရွေးချယ်မှုတွင် လိင်ပြောင်းသူ ၁၀၀ ကျော် လာရောက်လျှောက်ထားခဲ့သည်။ PC Air လေကြောင်းလိုင်း ဥက္ကဋ္ဌ ပီတာချန်းက လိင်ပြောင်းအမျိုးသားများအား ကူညီရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး “ဒီလူတွေက အလုပ်တွေအများ ကြီး လုပ်နိုင်စွမ်းရှိပါတယ်။ ဖျော်ဖြေရေးကဏ္ဍတွေမှာပဲ နေရာရှိတာမဟုတ်ပါဘူး။ သူတို့အများစုက လေ ယာဉ်မယ်တွေဖြစ်ချင်ကြပါတယ်။ သူတို့ရဲ့အိပ်မက်တွေကို မှန်ကန်လာအောင် လုပ်ပေးချင်ခဲ့တာပါ။ ကျုပ် တို့ရဲ့ လူမှုအသိုင်းအဝိုင်းက အများကြီးပြောင်းလဲသွားပါပြီ။ ကျုပ်က တခြားစီးပွားရေးလုပ်ငန်းတွေအတွက် ရှေ့ကနေလမ်းပြပေးချင်ပါတယ်”ဟု ဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် ကမ္ဘာ့ပေါ်တွင် လိင်ပြောင်းလူဦးရေ အများဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်ပြီး ထိုင်းလိင် ပြောင်းအမျိုးသားများသည် ဖျော်ဖြေရေးကဏ္ဍများတွင်သာ အလုပ်လုပ်ကိုင်ကြရလေ့ရှိသည်ဟု သိရသည်။
သတင်းရင်းမြစ် - ပြည်မြန်မာ








