BEC-TERO TV

ဖင်ထဲသို့ ဖန်ခွက်ဝင်ခဲ့သည့်အမျိုးသား ဖြစ်စဉ်ကို နှုတ်ပိတ်နေခဲ့

06 Sep 2017     1,778 Views


တရုပ်နိုင်ငံ ဂွမ်ကျိုးရှိ ဆေးရုံတွင် အမျိုးသားလူနာတစ်ဦး၏ စအိုထဲမှ ဖန်ခွက်တစ်လုံးကို ဆရာဝန်များက အောင်မြင်စွာ ထုတ်ပေးခဲ့နိုင်သော်လည်း စအိုထဲသို့ ဖန်ခွက် ဝင်ခဲ့ရသည့်အကြောင်းကိုမူ ပြောဆိုရန် လူနာက ငြင်းပယ်ခဲ့သည်။

နာကျင်မှုဝေဒနာကို နှစ်ရက်မျှ ခံစားပြီး ဖန်ခွက်ကိုပြန်ထုတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် ဝေဒနာမခံစားနိုင်တော့သည့်အဆုံး နံနက်ဝေလီဝေလင်း ၂ နာရီအချိန်ခန့်တွင် အမျိုးသားက ဆေးရုံသို့ အော်ဟစ်ကာ ရောက်လာခဲ့ခြင်းဖြစ်သည်။


ဆရာဝန်များက ဓါတ်မန်ရိုက်ကြည့်ခဲ့ရာ စအိုထဲတွင် အရှည် ၈ စင်တီမီတာ၊ အချင်း ၇ စင်တီမီတာ ရှိသော ဖန်ခွက်တစ်လုံး တစ်ဆို့နေကြောင်း တွေ့ခဲ့ရသည်။ အမြန်မဖယ်ရှားနိုင်ပါက အသက်အန္တရာယ်ရှိသော အခြေအနေဖြစ်ခဲ့သည့်အတွက် အမြန်ဆုံး ပြန်ထုတ်နိုင်အောင် ကြိုးပမ်းခဲ့ကြရသည်။

လူနာကို အနာသက်သာစေရန် ဆေးများပေးပြီး စအိုထဲမှ ဖန်ခွက်ကို သွင်းခဲ့ရာ လမ်းကြောင်းအတိုင်း ခက်ခဲစွာပြန်လည် ထုတ်ယူနိုင်ခဲ့သည်။ ပြန်လည်ထုတ်ယူခဲ့ရာတွင် ဖန်ခွက် ကွဲသွားမည်ကို အထူးစိုးရိမ်ပြီး သတိကြီးကြီးထားကာ ထုတ်ယူခဲ့ရခြင်းဖြစ်သည်။


ပြန်လည်ဆွဲထုတ်နိုင်ခဲ့ပြီး လူနာမှာ ဆေးရုံတွင် ရက်အနည်းငယ် ကုသခံခဲ့သော်လည်း ဖင်ထဲသို့ ဖန်ခွက်မည်သို့ ဝင်ခဲ့ပုံအား ဖွင့်ဟပြောကြားခြင်းမရှိကြောင်း သိရှိရသည်။ အဆိုပါ အမျိုးသားမှာ အိမထောင်နှင့် သားသမီးများရှိသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။
 


06 Sep 2017     1,778 Views




RELATED

Most Popular of Special or Others

Most Popular of NEWS