ကြော်ငြာမှာ မိုးပြည့်ပြည့်မောင် မပါတဲ့ ကိစ္စ ထုတ်လုပ်ရေးပိုင်းက ပြန်ရှင်းပီ
06 Sep 2017 1,569 Views

ပွဲခံမယ် ဇာတ်ကားနဲ့ ပတ်သတ်ပြီး ကြော်ငြာမှာ မိုးပြည့်ပြည့်မောင် မပါရခြင်း အပေါ် မိုးပြည့် ကလဲ စိတ်မကောင်းဖြစ်ရသလို ဒါရိုက်တာ စတီး ကလဲ ပြန်လည်ရှင်းထားပါတယ် ။ အခုတခါမှာလဲ ထုတ်လုပ်ရေးပိုင်းဖြစ်တဲ့ R square film production ရဲ့ Managing Director ကိုသက်နိုင်မင်းက ပြန်လည်ဖြေရှင်းထားပါတယ် ။
“ကျွန်တော်လည်း အဲဒါလေးကိုတွေ့လိုက်ပါတယ် ။ ကျွန်တော်တို့က အနုပညာသမားတစ်ယောက်ကို ကျွန်တော်တို့ အနေနဲ့ ဖယ်ထားခြင်းတော့မရှိပါဘူး ။ အဓိက ကတော့ ဒါရိုက်တာရဲ့ ဦးဆောင်မှုနဲ့ Technical ပိုင်း ဒီဇိုင်းပိုင်းသူတို့ဘက်က ဦးဆောင်လိုက်တဲ့ အပိုင်းဆိုတော့ Trailer လေးကို အခုမှပြန်ကြည့်မိမှမပါလာတာလေးတွေကို သတိထားမိတယ် ။ အဲ့ဒိအတွက်လည်း စိတ်မကောင်းဖြစ်ပါတယ် ။ သို့်သော်လည်း ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ထားတာမဟုတ်ပါဘူး ။
မိုးပြည့်ပြည့်မောင်လည်း ကျရာအခန်းမှာ အကောင်းဆုံး ပါဝင်သရုပ်ဆောင်သွားတယ် ။ ကိုခန့်စည်သူဆိုလည်း ဒီလိုပဲ ။ မိုးပြည့်လဲ မနေနဲ့လည်းသူကျရာနေရာမှာ အကောင်းဆုံး သရုပ်ဆောင်သွားတဲ့ အတွက်ကျေနပ်မယ်လို့ထင်ပါတယ် ။ ဒီဇာတ်ကားက ကျွန်တော်တို့ ထုတ်လုပ်ရေးရဲ့ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားလဲဖြစ်တော့ လိုအပ်ချက်လေးတွေ အားနည်းချက်လေးတွေ ရှိနေတာပေါ့နော် ။ ဒါပေမယ့် ပါဝင်ကြတဲ့ သရုပ်ဆောင်အားလုံးက အကောင်းဆုံး ကြိုးစားပေးခဲ့ ကြတဲ့ အတွက် ပရိတ်သတ် အားပေးမှုခံခဲ့ရတဲ့ ဇာတ်ကားတစ်ကားဖြစ်လာခဲ့ပါတယ် ။ အဲ့ဒိ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ ပြောသွားခဲ့ ပါတယ် ။
credit:popular