BEC-TERO TV

သားဖြစ်သူကို သာသနာ့ဘောင်ဝင်စေချင်တဲ့ မယ်လိုဒီ

06 Sep 2017     1,505 Views


အိမ်ထောင်ကျပြီးကလေးတစ်ယောက်အမေ ဖြစ်နေပေမယ့် လှမြဲလှနေတဲ့ မယ်လိုဒီဟာ အခုဆိုရင် သား သိဒ္ဓိစစ် လေးလဲ အရွယ်ရောက်လာပြီဖြစ်တဲ့ အတွက် အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါပြီ ။ ဝေဖန်မှုတွေကို နားထောင်ပြီး အနပညာအလုပ်တွေကို နားခဲ့ ပေမယ့် အခုဝေဖန်သူတွေကို စိတ်မ၀င်စားတော့ပါဘူး သားလေးအပေါ်ဝေဖန်ကြတာတွေကိုလည်း စိတ်ထဲမထားပါဘူး ။လူအမျိုးမျိုး စိတ်အထွေထွေ ပေါ့ ချစ်တဲ့ သူတွေ ရှိသလို မုန်းတဲ့ သူတွေလဲ ရှိနိုင်တယ်လေ ။

ကိုယ်ဝန်နဲ့ တုန်းကလဲ အရမ်းအပြောခံခဲ့ရတယ် “ဒီကလေးက မွေးလာရင် မဒိန်းကောင်ဖြစ်မှာ” လို့တောင် အပြောခံခဲ့ရတယ် ။ဒါပေမယ့် သားကိုအခုချိန်မှာ ချစ်တဲ့ သူတွေများတယ် ။ကလေးကဖြူစင်တယ် ရိုးသားတယ် သူ့ကိုချစ်တဲ့သူတွေရဲ့ အသံကိုပဲနားထောင်တယ် ။ သားကိုမွေးပြီးတဲ့နောက်မှာတော့ သားကိုမူန်းတယ်လို့ ပြောသံမကြားရတော့ဘူး ။ သူ့ကို လူကောင်းသူကောင်းလေးဖြစ်ဖို့ပဲ မျှော်လင့်ထားပါတယ်။ သူ့ကို ဖြစ်စေချင်တာကတော့ သာသနာ့ဘောင်မှာပဲ အေးအေးချမ်းချမ်းနေစေချင်တယ်သူ့ကို ပံ့ပိုးပေးမှာပါ ။သာသနာ့ဘောင်မှာ နေစေချင်တာက သားကိုအေးချမ်းစေချင်တယ် ပြီးတော့ သူ့ပတ်ဝန်းကျင်ကိုလည်း အေးချမ်းစေချင်လို့ပါ ။

ရုပ်ရှင်ဇာတ်ကားတွေ ပြန်ရိုက်နေတဲ့ မယ်လိုဒီ ဟာ ကမ်းလှမ်းလာတဲ့ ဟာတွေကိုတော့ ရိုက်ဖြစ်နေပါတယ် ရုပ်ရှင်ဇာတ်ကားတွေနဲ့ တိုက်နေလို့ ဗီဒီယို ကားတွေ မရိုက်ဖြစ်တာတွေတော့ ရှိပါတယ် ။ ကိုယ့်ကိုလာပေးတဲ့ ကာရိုက်တာကိုတော့ အကောင်းဆုံးကြိုးစားသရုပ်ဆောင်သွားမှာပါ လို့ ပြောသွားခဲ့ပါတယ် ။


06 Sep 2017     1,505 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment