BEC-TERO TV

ဒသမတန်းကျောင်းသားက ဆရာမ၏မျက်နှာကို လက်သီးဖြင့်ထိုးကြိတ်မှု မန္တလေးတွင် ဖြစ်ပွား

07 Sep 2017     1,370 Views


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် သြဂုတ်(၃၀) ရက်က ဒသမတန်းကျောင်းသားတဦးသည် ရူပဗေဒဘာသာသင်ကြားသည့်ဆရာမအား စာသင်ချိန်အတန်းအတွင်း ကိုယ်ထိလက်ရောက်ထိုးကြိတ်မှုဖြစ်ပွားခဲ့သဖြင့် အခြေခံပညာဦးစီးဌာနသို့တင်ပြထားကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။

ထူးခြားဖြစ်စဉ်အနေနဲ့ ပုသိမ်ကြီးမြို့နယ်အဆင့်မှာဆောင်ရွက်ထားပြီးတော့ တိုင်းရုံးကိုတင်ပြလာတာပါ။ ဆရာမက ရိုက်နှက်တာမဟုတ်ဘဲ သာမန်ဆုံးမမှုမျိုးပြုလုပ်ခဲ့ရာက ဆရာမရဲ့မျက်နှာကို လက်သီးနဲ့ထိုးခဲ့တယ်လို့သိရတယ်။ ဆက်လက်တင်ပြထားတာ မှတ်ချက်တော့ မလာသေးဘူး”ဟု တိုင်းဒေသကြီး ပညာရေးမှူးရုံး (စီမံ) မှ ဒု-ညွန်ကြားရေးမှူး ဦးခင်မောင်မြင့်က ပြောကြားခဲ့သည်။

ဖြစ်စဉ်မှာ အတန်းထဲတွင် စာသင်နေစဉ်၌ ကျောင်းသားက မထီမဲ့မြင်ပြုလုပ်သဖြင့် အတန်းပိုင်နှင့် အတန်းမှူးကို ဘာသာပြဆရာမက သွားရောက်အသိပေးခဲ့ရာ ၎င်းတို့ရောက်လာချိန်တွင် ဘာသာပြဆရာမမျက်နှာကို လက်သီးဖြင့် ထိုးခဲ့ခြင်းဖြစ်သည်။


ယင်းဖြစ်စဉ်ကြောင့် သြဂုတ် (၃၁) ရက်နေ့မှာပင် ကျောင်းအုပ်ကြီး၊ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် အထက်တန်းပြဆရာ/ဆရာမများ အစည်းအဝေးပြုလုပ်ခဲ့၍ ကျောင်းသားအား ကျောင်းပြောင်း လက်မှတ်ထုတ်ပေးခဲ့ပြီး စက်တင်ဘာလအတွင်း တက္ကသိုလ်ဝင်တန်း(ဒသမတန်း) စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာများ တင်ရတော့မည်ဖြစ်၍ အခြားကျောင်းများသို့ ပြောင်းရွှေ့ကာ ဆက်လက် လျှောက်ထားဖြေဆိုနိုင်အောင် ဆောင်ရွက်ပေးထားကြောင်း သိရသည်။


သတင်းရင်းမြစ် - News Watch


07 Sep 2017     1,370 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS