BEC-TERO TV

မွေးခန်းထဲ ဆရာဝန်အချင်းချင်းစကားများပြီး ကလေးသေဆုံး(ရုပ်သံ)

07 Sep 2017     1,827 Views


ယောက်ျားဖောင်းစီး၊ မိန်းမမီးနေ ဆိုတဲ့ စကားလိုပါပဲ ကလေးမီးဖွားတယ်ဆိုတာ မွေးလာမယ့်ကလေးရော မိခင်အတွက်ပါ အသက်အန္တရာယ်ရှိပါတယ်။ အိန္ဒိယနိုင်ငံက ဆေးရုံတစ်ခုမှာတော့ ကလေးမီးဖွားစဉ် မွေးခန်းထဲမှာ ဆရာဝန်နှစ်ဦး နာရီဝက်ခန့် အချင်းများခဲ့ကြတဲ့အတွက် ကလေးသေဆုံးခဲ့ရပါတယ်။

အိန္ဒိယနိုင်ငံ Jodhpur မှာရှိတဲ့ ဆေးရုံတစ်ရုံရှိ မွေးခန်းထဲတွင် ဗိုက်ခွဲမွေးရမည့် လူနာကို ပစ်ထားပြီး နာရီဝက်ခန့်ကြာအောင် ဆရာဝန်နှစ်ဦး စကားများရန်ဖြစ်ခဲ့ကြပါတယ်။ အဲဒီအတွက် ကလေးဟာ အောက်ဆီဂျင်ပြတ်လပ်ပြီး မွန်းကျပ်သေဆုံးခဲ့ရတာဖြစ်ပါတယ်။ မွေးကင်းစကလေးအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပုံမှန်အလုပ်လုပ်နိုင်ဖို့ ဦးဏှောက်က အောက်ဆီဂျင် လုံလောက်အောင်ရရှိဖို့လိုပါတယ်။ ဆရာဝန်နှစ်ဦး စကားများခဲ့သည့်အတွက် မွေးဖွားချိန်နောက်ကျကာ ကလေးသေဆုံးခဲ့ရခြင်းဖြစ်သည်။

ဆရာဝန်နှစ်ဦး အချင်းများသည့် ဗီဒီယို အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူနှင့် ကျန်းမာရေးဝန်ထမ်းများကြားမှာ ပြောစမတ်တွင်အောင် ဖြစ်ခဲ့ရပါတယ်။ ရာဂျက်စ်သန်ရဲ့ ကျန်မာရေးဝန်ကြီးဖြစ်သူကတော့ အဆိုပါ ဆရာဝန် နှစဦးလုံးကို ရာထူးမှ ရပ်ဆိုင်းထားပြီဖြစ်ကြောင်းနှင့် အပြစ်ရှိသည်ဟု ပေါ်ပေါက်ပါက တရာစွဲဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 


07 Sep 2017     1,827 Views




RELATED

Most Popular of Special or Others

Most Popular of NEWS