BEC-TERO TV

ခေါ်ယူမှုအဆိုးဝါးဆုံး ကစားသမားဖြစ်ခဲ့တဲ့ ဘာပေ

07 Sep 2017     1,280 Views


ပီအက်စ်ဂျီအသင်း လူငယ်ကစားသမား ဘာပေဟာ ယခုနှစ်အပြောင်းအရွှေ့ဈေးကွက်မှာ အဆိုးအ၀ါး ဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။ ` ယခုနှစ်အပြောင်းအရွှေ့ရဲ့အဆိုးဝါးဆုံးခေါ်ယူမှုအဖြစ် မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းကိုအ ငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့တဲ့ လူငယ်တိုက်စစ်မှူးဘာပေကိုရွေးချယ်ခဲ့ပြီး အသက်အရွယ်ငယ်ရွယ်သေးတဲ့လူငယ် ကစားသမားတစ်ဦးအတွက် ပေးချေရတဲ့တန်ကြေးဟာများပြားလွန်းနေခဲ့တာကြောင့်ဖြစ်ပါတယ်။

ဘာပေဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မိုနာကိုအသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ဥရောပအသင်းကြီးတွေရဲ့စိတ်ဝင် စားမှုခံခဲ့ရပြီး၊ လက်ရှိမှာပီအက်စ်ဂျီအသင်းထံ အငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘာပေလို အသက် (၁၈) နှစ်အရွယ်သာရှိသေးပြီး၊ အတွေ့အကြုံနုနယ်သေးတဲ့ လူငယ်ကစားသမားတစ်ဦးအ တွက်ပေးချေရတဲ့ပြောင်းရွှေ့ကြေးဟာ အဆမတန်များပြားနေခဲ့တာကြောင့် အဆိုးဝါးဆုံးခေါ်ယူမှုဖြစ်ခဲ့ပါတယ်။ ဘာပေဟာ လက်ရှိမှာပီအက်စ်ဂျီအသင်းကိုအငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပြီး၊ လာမယ့် (၂၀၁၈-၁၉) ဘောလုံးရာ သီမှသာ အပြီးသတ်ခေါ်ယူစာချုပ်ချုပ်ဆိုမှာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘာပေအတွက် ပြောင်းရွှေ့ ကြေးပေါင် (၁၆၆) သန်းအသုံးပြုကာခေါ်ယူသွားမှာဖြစ်ပြီး၊ ဒါဟာလက်ရှိမှာ ပြောင်းရွှေ့ကြေးအမြင့်ဆုံးလူငယ် ကစားသမားခေါ်ယူမှုဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ စံချိန်တင်ကစားသမားအပြောင်းအရွှေ့တွေပြုလုပ် ထားခဲ့တဲ့အသင်းဖြစ်ပြီး၊ ယခုနှစ်နွေရာသီအပြောင်းအရွှေ့မှာပဲ နေမာကိုကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ခေါ် ယူထားခဲ့တာဖြစ်ပါတယ်။ အကောင်းဆုံးကစားသမားခေါ်ယူမှုအဖြစ်ကတော့ လီဗာပူးလ်အသင်းရဲ့ကစားသ မား ဆာလက်ခ်ျကရွေးချယ်ခံခဲ့ရပါတယ်။ အကောင်ဆုံးကစားသမားခေါ်ယူမှုကို ကစားသမားရဲ့အသက်အ ရွယ်၊ စွမ်းဆောင်ရည်နဲ့ ပြောင်းရွှေ့ကြေးအပေါ်မူတည်ပြီး တွက်ချက်တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဆာလက်ခ်ျအတွက် ပြောင်းရွှေ့ကြေးပေါင် (၃၇) သန်းပေးချေခဲ့ရတာဖြစ်ပြီး၊ အသင်းသစ်မှာခြေစွမ်းပြကစား နိုင်ခဲ့တာကြောင့် ပြောင်းရွှေ့ကြေးနဲ့ ကစားသမားစွမ်းဆောင်ရည်ဟာ ထိုက်တန်မှုရှိနေခဲ့တာဖြစ်ပါတယ်။ ဆာ လက်ဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် (၃) ပွဲအပါအ၀င် ပြိုင်ပွဲစုံ (၅) ပွဲယှဉ်ပြိုင်ကစားခဲ့ပြီး သွင်းဂိုး (၃) ဂိုးနဲ့ ဂိုးဖန်တီးမှု (၂) ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။


07 Sep 2017     1,280 Views




RELATED

Most Popular of Football

Most Popular of Sport