BEC-TERO TV

ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့စပွန်ဆာတွေနဲ့ငွေကြေးတန်ဖိုးများ

08 Sep 2017     1,307 Views


ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ အခြားသော ဥရောပကလပ်အသင်းတွေထက် ရုပ်သံစပွန်ဆာတွေနဲ့ ကြော်ငြာစပွန်ဆာတွေ ပိုမိုရရှိတဲ့အသင်းတွေဖြစ်ပါတယ်။ ယခုအခါမှာ (၂၀၁၇-၂၀၁၈) ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ထိပ်သီးအသင်း(၆)သင်းရဲ့ စပွန်ဆာcompany တွေနဲ့ စပွန်ဆာရရှိသောငွေကြေးပမာဏကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

၁.မန်ယူ

ပရီးမီးယားလိဂ်မှာ စပွန်ဆာအများဆုံးရရှိတဲ့အသင်းက မန်ယူအသင်းဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ စပွန်ဆာ company က ရှက်ဗိုလက်(Chevrolet) ဖြစ်ပြီး၊ မန်ယူအသင်းဟာ တစ်နှစ်ကို စပွန်ဆာငွေကြေး ပေါင် (၄၇) သန်း ရရှိတာဖြစ်ပါတယ်။

၂.ချယ်ဆီး

ပရီးမီးယားလိဂ်မှာ စပွန်ဆာ ဒုတိယအများဆုံးရရှိတဲ့အသင်းက ချယ်ဆီးအသင်းဖြစ်ပါတယ်။ချယ်ဆီးအသင်းရဲ့ စပွန်ဆာ company က ယိုကိုဟားမားတာယာ ဖြစ်ပြီး၊ ချယ်ဆီးအသင်းဟာ တစ်နှစ်ကို စပွန်ဆာငွေကြေး ပေါင် သန်း(၄၀) ရရှိတာဖြစ်ပါတယ်။

၃. ပရီးမီးယားလိဂ်မှာ စပွန်ဆာ တတိယအများဆုံးရရှိတဲ့အသင်းက မန်စီးတီးအသင်းနဲ့ စပါးအသင်းဖြစ်ပါတယယ်။ မန်စီးတီးအသင်းရဲ့ စပွန်ဆာ company က အီတီဟက်လေကြောင်းလိုင်းဖြစ်ပြီး၊ မန်စီးတီးအသင်းဟာ တစ်နှစ်ကို စပွန်ဆာငွေကြေး ပေါင် (၃၅) သန်း ရရှိတာဖြစ်ပါတယ်။ စပါးအသင်းရဲ့ စပွန်ဆာ company က AIA အာမခံ company ဖြစ်ပြီး၊ စပါးအသင်းဟာ တစ်နှစ်ကို စပွန်ဆာ ငွေကြေး ပေါင် (၃၅) သန်း ရရှိတာဖြစ်ပါတယ်။

၎. ပရီးမီးယားလိဂ်မှာစပွန်ဆာ စတုတ္ထအများဆုံးရရှိတဲ့အသင်းက အာဆင်နယ်အသင်းနဲ့လီဗာပူးလ်အသင်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ စပွန်ဆာ company က အမ်းမရိတ် လေကြောင်းလိုင်း(Fly Emirates) ဖြစ်ပြီး၊ အာဆင်နယ်အသင်းဟာ တစ်နှစ်ကို စပွန်ဆာငွေကြေး ပေါင် သန်း (၃၀) ရရှိတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ စပွန်ဆာ company က စတန်းဒက်ချာတာဘဏ်လုပ်ငန်း (Standard Chartered bank) ဖြစ်ပြီး၊ လီဗာပူးလ်အသင်းဟာ တစ်နှစ်ကို စပွန်ဆာငွေကြေး ပေါင် သန်း (၃၀) ရရှိတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ စပွန်ဆာအနည်းဆုံးရရှိတဲ့အသင်းက ဘရိုက်တန်အသင်းနဲ့ ဟက်ဒါဖီးလ်အသင်း တို့ဖြစ်ပြီး၊ တစ်သင်းကို စပွန်ဆာ ပေါင်(၁.၅) သန်းသာ ရရှိတယ်လို့သိရပါတယ်။


08 Sep 2017     1,307 Views




RELATED

Most Popular of Football

Most Popular of Sport