BEC-TERO TV

တရုပ်ပြည်တွင် ရောင်းစားခံရသော မြန်မာမိန်းကလေးတစ်ဦးမှ ကယ်တင်ရန် အကူညီတောင်းခံ

08 Sep 2017     2,060 Views


ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် နေထိုင်သော မအိချောမြတ်ဆိုသူမှာ တရုပ်နိုင်ငံ ဆန်ရှီးမြို့ ဟိုမားတွင် ရောင်းစားခံထားရသည့်အတွက် ကာယကံရှင်ကိုယ်တိုင်က ကူညီကယ်တင်ရန် လူမှုကွန်ယက် မက်ဆင်ဂျာမှ တစ်ဆင့် သူမ၏ ဖေ့စ်ဘွခ်ဖရန့် ဖြစ်သူ “အချစ်နတ်ဆိုး” အကောင့်ပိုင်ရှင်အား အကူညီတောင်ခံခဲ့သည်။


“အချစ်နတ်ဆိုး” အကောင့်ပိုင်ရှင်မှ သူ၏ လူမှုကွန်ယက်ပေါ်မှတစ်ဆင့် အောက်ပါအတိုင်း ရေးသား အကူညီတောင်းခံခဲ့ကြောင်း သိရှိရသည်။

“ပုံပါမိန်းကလေး၏ ဆွေမျိုးများသိစေရန်တင်ပေးလိုက်တာပါခင်ဗျ (နာမည်က အိချောမြတ်ပါ ရန်ကုန်တိုင်း မှော်ဘီမြို့. တပ်ရင်း. ၃ ရခိုင်လေးကွမ်းယာဆိုင်မှ ဦးလေးနှင့်အဒေါ် သိခဲ့လျှင် သူမ၏အိမ်ကို အကြောင်းကြားပေးနိုင်မည်ဖြစ်သည်)
ယခုပုံပါမိန်းခလေးမှာ တရုတ်ပြည်နယ် ဆန်းရှီးမြို့ ဟိုးမာ မှာရောင်းစားခံထားရတာလို့ ပုံပါညီမကပြောပြပါတယ် ပုံပါညီမရဲ့ဆွေမျိုးများအမြန်ဆုံးသိရှိနိုင်ပီး အမြန်ဆုံးကယ်တင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် သားသမီး ညီအမ နှမ အချင်းချင်းကိုယ်ချင်းစာသောအားဖြင့် Share ပေးခြင်းဖြင့်ကူညီလိုက်ပါ သင့်ရဲ့ Share လေးတခုကြောင့် တပါးသူ၏ မိသားစုနဲ့ဝေးနေရတဲ့ဘဝကို ကယ်တင်ရာရောက်ပါလိမ့်မယ် ကျေးဇူးတင်ပါတယ်”

 


ဖော်ပြထားသော စာအပြန်လှန်ရေးသားဆက်သွယ်မှုတွင် သူမ၏ အခြေအနေကို ရေးသားထားခဲ့ပြီး ဗီဒီယိုဖိုင်တွင်မူ မျက်နှာညိုးငယ်နေသည်မှအပ မည်သည့်စကားမှ ပြောမထားသည်ကို ကြည့်ခြင်းအားဖြင့် ဗီဒီယိုကို ခိုးရိုက်နေရသည့် အခြေနေရှိကြောင်း သိသာစေပါသည်။

အမြန်ဆုံးကယ်တင် လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
 


 သတင်းရင်းမြစ် - အချစ်နတ်ဆိုး Facebook


08 Sep 2017     2,060 Views




RELATED

Most Popular of Special or Others

Most Popular of NEWS