BEC-TERO TV

ဗေဒင်ဆရာမအီးတီ ရုတ်တရက်ကွယ်လွန်

11 Sep 2017     2,073 Views


ဗေဒင်လောကတွင် ထင်ရှားကြော်ကြားပြီး ပြည်ပနိုင်ငံများထိပါ သွားရာက် ဟောပြောပေးလေ့ရှိသူ ဗေဒင်ဆရာမအီတီ (ခ) ဒေါ်ဆွေဆွေဝင်း စက်တင်ဘာလ ၁၀ ရက်နေ့ နံနက် ၄ နာရီ ၂၀ အချိန်ခန့်က ရုတ်တရက်ကွယ်လွန်သွားကြောင်း သိရှိရသည်။


ဆရာမအီးတီမှာ သရုပ်ဆောင် စည်ဖြိုး၏ အဒေါ်တော်စပ်သူဖြစ်ပြီး သင်္ကန်းကျွန်းမြို့နယ် သီရိဟေမာလမ်း အမှတ် ၁ ရှိ နေအိမ်မှာ ရုတ်တရက်ကွယ်လွန်သွားခြင်းဖြစ်ပါတယ်။ ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ် ရှိပြီဖြစ်ပြီး မသေဆုံးမီ အချိန် တချို့နဲ့ သေဆုံးပြီး နောက်မှာ ထူးခြားမှု တချို့ ရှိခဲ့တယ်လို့ ဆရာမအီးတီရဲ့ တူဖြစ်သူ ရုပ်ရှင် သရုပ်ဆောင် ကိုစည်ဖြိုးက ဆိုပါတယ်။ နောက်ပြီး ဆရာမ အီးတီဟာ သာမာန် လူတစ်ဦးရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှုနဲ့ မတူတဲ့သူ တစ်ဦး ဖြစ်တယ်လို့လဲ ကျန်းမာရေး အခြေအနေအပေါ် ကိုစည်ဖြိုးက ထပ်မံရှင်းပြခဲ့ပါတယ်။


ဗေဒင် ဆရာမ အီးတီရဲ့ ရုပ်အလောင်းကို လာမယ့် စက်တင်ဘာလ ၁၂ ရက် အင်္ဂါနေ့ နေ့လည် နှစ်နာရီမှာ ဂူသွင်းသဂြိုလ်သွားမယ်လို့ သိရပါတယ်။ ဆရာမ အီးတီဟာ မကွယ်လွန်ခင် အချိန်က အီးတီ မျက်စိ ခွဲစိတ်ကုသမှု ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး မျက်စိ လူနာပေါင်း များစွာကို ဆေးဝါးက အစ ခွဲစိတ်ကုသမှု စရိတ် ကုန်ကျမှုများစွာကို ကုသိုလ်ပြု လုပ်ဆောင်ခဲ့ပါတယ်။

သတင်းရင်းမြစ် - 7DayTV


 


11 Sep 2017     2,073 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS