BEC-TERO TV

တစ်ကိုယ်တော် အခွေထွက်လာအုံးမယ့် Mary

11 Sep 2017     1,216 Views


အဆွေးသီချင်းတွေ အသဲကွဲသီချင်းတွေ နဲ့ အောင်မြင်မှုရနေတဲ့ မေရီဟာ ဂျပန်မှာ ကျောင်းတက်နေရင်း အချိန်ရရင်ရသလို အနုပညာအလုပ်တွေကိုလုပ်နေတယ်လို့သိရပါတယ် ။

တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၈ မွေးနေ့မှာထွက်ဖို့ရှိတယ်လို့လဲ သိရပါတယ် ။ “သီချင်းကတော့ အေးအေးလေးတွေပဲများတော့ နည်းနည်းမြူးတဲ့ သီချင်းတွေကိုဆိုသွားဖို့ရှိတယ် ။ဒါပေမယ့် မေရီ စတိုင်ထဲကနေတော့ထွက်သွားဖို့ မရှိပါဘူး ။ ဒီကြားထဲမှာ ကျန်နေတဲ့ သီချင်း ၂ပုဒ် ထွက်ဖို့ရှိတယ် ။ ။ ကျောင်းစာတွေလဲပြန်လုပ်ရတော့မယ်ဆိုတော့ မအားတော့ နည်းနည်းလေး အဆက်အသွယ်ပြတ်သွားဦးမှာပါ ။ မြန်မာနိုင်ငံကိုတော့ နောက်နှစ် ဖေဖော်ဝါရီမှာ အပြီးပြန်လာတော့မှာပါ”လို့ ပြောထားပါတယ် ။ ပရိတ်သတ်အားလုံးသိချင်နေတဲ့ မေရီအချစ်ရေးကတော့ အချိန်တန်ရင်တော့ ယောက်င်္ကျားယူသွားမှာပါလို့ ပြောသွားခဲ့ပါတယ် ။ 

Credit:popular


11 Sep 2017     1,216 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment