BEC-TERO TV

အကျီင်္ကြော်ငြာ အလကားရိုက်ပေးမယ့် နေမင်း

11 Sep 2017     1,278 Views


လတ်တလော ရူံတင်ပြသနေတဲ့ သိုက်ကလာတယ် စကားမပြောဘူး  ရုပ်ရှင်ကားကြီးနဲ့ အောင်မြင်မှု့ရနေတဲ့ သရုပ်ဆောင်နေမင်းဟာ “ဒီဇာတ်ကားရုံတင်ပြသတဲ့ အချိန်မှာ ကျွန်တော်စိတ်ထဲမှာ ဒီဇာတ်ကားက လိပ်ပြာမလုံတဲ့ ဇာတ်ကားပါ ဟာသဇာတ်ကားလဲမရိုက်ဖူးဘူး ၊ ကိုယ်မလုပ်ဘူးတာတွေလုပ်ထားတာဆိုတော့ ရိုက်ကူးပြီးတဲ့ အချိန်မှာလဲ ကြောက်ခဲ့တယ် မဆင်ပြေပါမလားစိုးရိမ်ခဲ့တယ် ။

ပရိတ်သတ်က အခုလို အားပေးတဲ့ အတွက် ကျေးဇူးလဲတင်တယ် ။ နောက်ဆုံးကျွန်တော် ၄နှစ်လောက် မကြားရတဲ့ ဖုန်းတခုဝင်လာတယ် ။ သိုက်ကလာတာ နဲ့ ပတ်သတ်ပြီး ကြော်ငြာရိုက်ဖို့အတွက် လှမ်းပြောတယ် ။ ကျွန်တော် နဲ့ အဆင်မပြေဘူးလို့ ခံစားရတဲ့ အတွက်ကြော်ငြာဘယ်တုန်းကမှ မရိုက်ခဲ့ဘူး ။ ဘာပဲ ဖြစ်ဖြစ် အခုချိန်မှာ ရိုက်ကူးဖို့ကမ်းလှမ်းတဲ့ အတွက် ကျေးဇူးလဲ တင်တယ် ။ ကျွန်တော်ရိုက်မယ်လို့ ပြောလိုက်တယ် ။ ပြောလိုက်တဲ့ အချိန်မှာ ဈေးကိစ္စ ကို ကျွန်တော် မပြောတော့ဘူး အကျီင်္ပေးချင်သလောက်ပေး အလကားရိုက်ပေးမယ်လို့ ပြောလိုက်တယ် ။  အထိန်းအမှတ်တခုဖြစ်တဲ့ ဒီအကျီလေးကို facebook က fri တွေနဲ့ fan တွေကို ပေးမယ်လို့စဉ်းစားထားတယ်” ဆိုပြီးပြောသွားခဲ့ ပါတယ် ။ 

credit:popular


11 Sep 2017     1,278 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment