BEC-TERO TV

Game Of Thrones ဇာတ်ကောင်များရဲ့ လက်တွေ့ဘဝက ချစ်သူတွေ

11 Sep 2017     1,293 Views


“Game Of Thrones” ရုပ်သံဇာတ်လမ်းတွဲဟာ ကမ္ဘာနိုင်ငံအရပ်ရပ်က ရုပ်သံလိုင်းတွေမှာ ပြသလျှက်ရှိတဲ့ HBO ရဲ့ နာမည်အကြီးဆုံး ဝင်ငွေအကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်ပါတယ်။

၂၀၁၀ မတ်လဆန်းထဲက စတင်ပြသလာတဲ့ “Game Of Thrones” ဟာ ၂၀၁၇ ခုနှစ်ထိ Season 7 အပိုင်း ခုနှစ်ထိ ရောက်ရှိနေပြီး ဇာတ်ရှိန်မြင့်နေဆဲ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ခုနှစ်ပြည်ထောင်မင်းတို့ရဲ့ ထီးနန်းလုပွဲကို ဇာတ်လမ်းကျောရိုးတည်ကာ နန်းတွင်းရေး ရှုပ်ထွေးမှုများကို ပရိသတ်အံသြစေလောက်တဲ့ နေရာဒေသတွေမှာ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာ ပရိသတ်ပါးစပ်ဖျား ရေပန်းစားနေတဲ့ ဇာတ်ကောင်တွေကတော့ ဂျွန်စနိုး၊ စန်ဆာ၊ အာယာယာ၊ ဆာစီ စတဲ့ ဇာတ်ကောင်တွေအပြင် အခြားထူးခြားတဲ့ ဇာတ်ကောင်တွေလည်း ရှိပါတယ်။
အဲဒီဇာတ်ကောင်တွေထဲကမှ ထင်ရှားကျော်ကြားတဲ့ ဇာတ်ကောင်တွေရဲ့ အပြင်လက်တွေ့ဘဝက ချစ်သူတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Rose Leslie နဲ့ Kit Harrington
GOT ထဲမှာ Ygritte နဲ့ John Snow အဖြစ် သရုပ်ဆောင်ထားကြပြီး ဇာတ်လမ်းထဲမှာလည်း ချစ်သူဖြစ်သလို လက်တွေ့ဘဝမှာလည်း ချစ်သူတွေဖြစ်ကြပါတယ်။ (ကြည်နူးစရာပဲနော်)


၂။ Peter Dinlkage

လူပုဆိုပေမယ့် ဉာဏ်ကြီးသူအဖြစ် သရုပ်ဆောင်ထားသူပါ။ သူ့ရဲ့ ဇနီးက မင်းသမီးတစ်ဦးဖြစ်တဲ့ Erica Schmidt ပါ။



၃။ Kristofer Hivju

မုတ်ဆိတ်နီအဖြစ် လူသိများသူဖြစ်ပြီး သူ့မုတ်ဆိတ်ကလည်း အပြင်မှာ တစ်ကယ်အနီရောင်ဖြစ်ပါတယ်။ ဇနီးသည်ကတော့ ဂျာနယ်လစ်ဖြစ်တဲ့ Gry Molvaer Hivju ဖြစ်ပါတယ်။



၎။ Jason Momoa

မျိုးနွယ်စုခေါင်းဆောင် လူရိုင်းကြီးအဖြစ် သရုပ်ဆောင်ထားသူပါ။ ဇနီးက ရုပ်ရှင်မင်းသမီး Lisa Bonet ပါ။



၅။ Nikolaj Coster

တစ်ကယ့် ဆော်ကြည်ဘဲပါပဲ။ ဇာတ်လမ်းထဲမှာတော့ နှမဖြစ်သူ ဆာစီနဲ့ဖောက်ပြန်တဲ့ ဘုရင့်အတိုင်ပင်ခံအဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇနီးသည်ကတော့ အဆိုတော် Nukaka ပဲဖြစ်ပါတယ်။



၆။ Gwendoline Christie

အမျိုးသမီးသက်တော်စောင့်အဖြစ် သရုပ်ဆောင်ထားပြီး အပြင်လောကမှာတော့ ဖက်ရှင် ဒီဇိုင်နာ Giles Deacon ပါ။



၇။ Carice Van Houten

မှော်ဆရာမအဖြစ်သရုပ်ဆောင်တဲ့ သူမရဲ့ ခင်ပွန်းကလည်း သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။


၈။ Lain Glen

ကတော့ နဂါးမိခင် ဘုရင်မခါလီစီရဲ့ ရဲရင့်တဲ့ သက်တော်စောင့်အဖြစ် ပါဝင်ထားပါတယ်။ မင်းသမီး Charlotte Emmerson နဲ့ ၂၀၀၅ ခုနှစ်ထဲက စုံတွဲခုတ်နေခဲ့ပါတယ်။



၉။ Maisie Williams

လူကြိုက်များတဲ့ မင်းသမီးလေး အာရာစတက်ခ် နေရာမှာ သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ ချစ်သူကတော့ Ollie Jackson ပါ။


၁၀။ Grey Worm

ခါလီစီဘုရင်မရဲ့ သက်တော်စောင့် အဖြစ်ပါဝင်ထားပါတယ်။ အပြင်လောက က သူရဲ့ချစ်သူကတော့ မင်းသမီး Aisling Loftus ဖြစ်ပါတယ်။



၁၁။ Sophie Turner

ကတော့ စန်ဆာစတက်ခ် အဖြစ် အဓိကသရုပ်ဆောင်တွေထဲက မင်းသမီးတစ်ဦးဖြစ်ပါတယ်။ DNCE အဖွဲ့က အဆိုတော် Joe Jonas နဲ့ တွဲနေပါတယ်။



၁၂။ Liam Cunningham

သစ္စာခံအမတ်ကြီးအဖြစ် သရုပ်ဆောင်ထားသူပါ၊ ဇနီးကတော့ Colette Cunningham ဖြစ်ပါတယ်။



၁၃။ Aidan Gillen

ဇာတ်လမ်းတွဲတစ်ခုလုံးက ဇာတ်ကောင်ကြီးတွေကို ကမောက်ကမဖြစ်အောင် ပညာသားပါပါ လိုက်မွှေတတ်တဲ့ Little Finger အဖြစ် သရုပ်ဆောင်ထားပါတယ်။ သူ့ရဲ့ ဇနီးသည်က အဆိုတော် Camille O’Sullivan ဖြစ်ပါတယ်။


၁၄။ Michiel Huisman

ခါလီစီဘုရင်မရဲ့ ချစ်သူတပ်မှူးနေရာက ပါဝင်ထားသူပါ။ ဇနီးသည်ကလည်း မင်းသမီး Tara Elders ဖြစ်ပါတယ်။


၁၅။ Natalie Dormer

လူပုလေး အရူးအမူးချစ်ခဲ့ရတဲ့ ချစ်သူအဖြစ် ပီပြင်စွာ သရုပ်ဆောင်ထားသူပါ။ ဒါရိုက်တာ Anthony Byrne နဲ့ စုံတွဲခုတ်နေပါတယ်။



၁၆။ Jonathan Pryce

ဘုရင်မဆာစီ အလွန်မုန်းတီးတဲ့ ဘာသာရေးခေါင်းဆောင်နေရာက သရုပ်ဆောင်ထားသူဖြစ်ပါတယ်။ သူရဲ့ ဇနီးသည်က Kate Fahy ဖြစ်ပါတယ်။



Game Of Thrones ဇာတ်လမ်းတွဲ ချစ်သူများ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
 


11 Sep 2017     1,293 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment