BEC-TERO TV

ပရိတ်သတ်တွေကိုတောင်းပန်တဲ့ အနေနဲ့ ပီဇာ ကျွေးခဲ့တဲ့ Lady GaGa

11 Sep 2017     1,233 Views


ဒီဇိုင်းအဆန်းတွေ နဲ့ ပေါက်ကရတွေ အမြဲလုပ်တဲ့ Lady GaGa ဟာ စက်တင်ဘာ ၄ ရက်နေ့က ကနေဒါ Montreal မှာဖျော်ဖြေမယ့် အစီအစဉ်ကို အရမ်းဖျားနေတဲ့ အတွက် ဖျက်သိမ်းခဲ့ရပါတယ် ။ ဖျားနာမှုကြောင့် ဖျော်ဖြေရေး ဖျက်လိုက်ရတဲ့ အကြောင်းကိုလဲ သူမ ပရိတ်သတ်ကို twitter ကနေတောင်းပန်ထားပါတယ်။ သူမကိုချစ်တဲ့ ပရိတ်သတ်တွေက သူမဖျားနေတာကို သိတာနဲ့ ဟိုတယ်ရှေ့မှာသွားရောက်ပြီး သူမရဲ့ သီချင်းတွေကို သီဆိုဖျောဖြေခဲ့ ကြပါတယ် ။ Gaga ကိုလာရောက်အားပေးကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်တောင်းပန်တဲ့ အနေနဲ့ ပရိတ်သတ်တွေကို ပီဇာ အခမဲ့ ကျွေးမွေးခဲ့ တယ်လို့ သိရပါတယ် ။


11 Sep 2017     1,233 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment