BEC-TERO TV

အသင်းသစ်နဲ့ ပွဲဦးထွက်မှာ အဖွင့်လှခဲ့တဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူးဘာပေ

12 Sep 2017     1,315 Views


ပြင်သစ်လူငယ် တိုက်စစ်မှူးဘာပေဟာ အသင်းသစ်ပီအက်စ်ဂျီအသင်းနဲ့ပွဲဦးထွက်မှာ ခြေစွမ်းပြကစား နိုင်ခဲ့ပြီး အဖွင့်လှခဲ့တာဖြစ်ပါတယ်။ပြင်သစ်လူငယ် တိုက်စစ်မှူးဘာပေဟာ ပီအက်စ်ဂျီအသင်းကမိန့်ဇ်အသင်းကို (၅)ဂိုး၊(၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပီအက်ဂျီအသင်းအတွက် စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ခြေစွမ်းပြကာ သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ` ဘာပေဟာပွဲဦးထွက်ပွဲစဉ်မှာ ခြေစွမ်းပြကစားကာ သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့သလို ယခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာပဲ ကမ္ဘာ့စံချိန်တင် အပြောင်းအရွှေ့နဲ့ ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့လာခဲ့တဲ့နေမာဟာလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပီအက်စ်ဂျီကစားသမားဘ၀ (၄)ဂိုးမြောက်သွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ဘာပေဟာ အဆိုပါပွဲစဉ်ရဲ့ပွဲချိန်(၅၈)မိနစ်မှာ အသင်းသစ်ပီအက်စ်ဂျီအတွက် (၃)ဂိုးမြောက်သွင်းဂိုးကို သွင်းယူ ပေးနိုင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းဟာလည်း (၄)ပွဲဆက်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ သူဟာ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ နာမည်ကြီးခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဥရောပထိပ်သီး အသင်းကြီးတွေက ပစ်မှတ် ထားခြင်းခံခဲ့ရတဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးဖြစ်ပါတယ်။ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ မှာမိုနာကိုအသင်းမှ ပီအက်စ်ဂျီအသင်းကို တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့ဖြစ်ပြီး လာမယ့်နှစ် အပြောင်းအရွှေ့ကာလ မှာတော့ ပေါင်(၁၆၅)သန်းဖြင့် အပြီးသတ်ပြောင်းရွှေ့ဖို့သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပါတယ်။


12 Sep 2017     1,315 Views




RELATED

Most Popular of Football

Most Popular of Sport