BEC-TERO TV

အွန်လိုင်းမှာပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုကကိုယ်မဟုတ်ပါဘူး ဆိုတာတောင်လက်မခံကြလို့စိတ်မကောင်းဖြစ်ခဲ့တဲ့ ရှာရှာ

12 Sep 2017     1,268 Views


မကြာသေးခင်က ချစ်သူ မွေးနေ့မှာ မြန်မာဝတ်စုံ နဲ့ ဘုရားသွားဖူးခဲ့ခြင်း အပေါ် ချီးမွန်းသူတွေ ရှိသလို ဝေဖန်သူတွေလဲ ရှိခဲ့ ပါတယ်  “တမင်လုပ်တာလည်း မဟုတ်ပါဘူး သူ့ဘက်က တောင်းဆိုလို့ မြန်မာလိုဝတ်ပြီးဘုရားသွားချင်တယ် ဆိုလို့ ကိုယ်လဲလိုက်သွားဖြစ်တာပါ ။ကိုယ့်ကိုချစ်တဲ့ ပရိတ်သတ်က ဓါတ်ပုံဆရာဆိုတော့ အဲ့မှာ ဓါတ်ပုံတွေရိုက်ပေးတာပါ” ။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သတ်ပြီး ရှာရှာက “သိတဲ့သူတွေကလည်း အခုရှင်းရှင်းလင်းလင်းသိသွားကြပါပြီ ။ ပျံ့ပျံ့ခြင်းမသိခဲ့ဘူး တစ်ပတ်လောက်နေမှ ပရိတ်သတ် တွေက သိပြီးလာပြောပြကြတယ် ။ အစကတော့ ဒီတိုင်းနေနေလိုက်တယ် နောက်ပိုင်းပိုပိုဆိုးလာတယ် link ပေးမယ်တွေပါ ဖြစ်လာကြတယ် ။

ညီမ လုံးဝမဟုတ်ဘူးဆိုတာ ကိုယ့်လိပ်ပြာကိုယ် လုံတယ် ။ရည်းစားရသွားပြီဆိုတာနဲ့ ချက်ချင်းယုတ်မာကြတာ ။ public အကောင့်ထဲဝင်ပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေရေးတယ် ယောက်င်္ကျားလေးတွေ အုပ်စုလိုက်ရေးကြတာ ။ ယောက်င်္ကျားတန်မယ့် မိန်းကလေးတစ်ယောက်ကို ပြောတာ လုံးဝမဖြစ်သင့်ဘူး ။ ဒါကဖြေရှင်းဖို့ အချိန်တန်ပြီလို့ ထင်လို့ဖြေရှင်းလိုက်တာ ။ ညီမ သီးခံတာလဲ ကြာပြီ အဲ့ဒိဗီဒီယိုထဲက ကောင်မလေးရဲ့ Instagram ကို ပရိတ်သတ်တွေကို link ပေးပြီးတင်လိုက်တော့မှ ညီမ မဟုတ်တာ ယုံကြတယ် ။ မျက်နှာက ဖြစ်ချင်တော့ ညီမ နဲ့တော်တော်တူတယ် ။နောက်တခု က ပရိတ်သတ်တွေ ယုံအောင် မြန်မာသီချင်းနောက်ခံထားထားတယ်။

တချို့ကျတော့လည်း ဒီလောက်ရှင်းပြနေတာတောင် ဟုတ်ပါတယ် ဆိုပြီးလာစော်ကားတာတွေ ရှိသေးတယ် ။အဲ့ဒိ အတွက်စိတ်လဲမကောင်းသလို အများကြီးနစ်နာရသလို ဂုဏ်သိက္ခာလဲ ကျဆင်းစေပါတယ်” လို့ ပြောသွားခဲ့ ပါတယ် ။

ချစ်သူနဲ့ ၅နှစ် ကွာပေမယ့် အလုပ်ကိစ္စတွေကိုတော့ ၀င်ရောက်စွက်ဖက်ခြင်းလုံးဝမရှိပါဘူး သ၀န်ကတော့ အရမ်းတိုတယ် ။နားလည်မှုပေးပြီး ချုပ်ချယ်တာတွေတော့ မရှိပါဘူး ။ မင်္ဂလာသတင်းကတော့ အဝေးကြီးလိုပါသေးတယ်လို့ ပြောသွားခဲ့ ပါတယ် ။ 

credit:popular


12 Sep 2017     1,268 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment