ရိုမန်တစ်မဆန်ပေမဲ့ အိန္ဒိယတစ်ခွင်က ပရိသတ်တွေကတော့ လက်ရှိဘောလိဝုဒ်မှာ ပေါက်နေတဲ့ အိမ်သာ- ချစ်ဇာတ်လမ်းတစ်ပုဒ်
12 Sep 2017 1,356 Views

လူကြားထဲမှာ အပေါ့အလေးစွန့်တဲ့အကြောင်းအရာဟာ ရိုမန်တစ်မဆန်ပေမဲ့ အိန္ဒိယတစ်ခွင်က ပရိသတ်တွေကတော့ လက်ရှိဘောလိဝုဒ်မှာ ပေါက်နေတဲ့ အိမ်သာ- ချစ်ဇာတ်လမ်းတစ်ပုဒ် ရုပ်ရှင်ကတော့ ဆွတ်ပျံ့ကြည်နူးဖွယ်ဖြစ်တယ်လို့ ယူဆကြပါတယ်။လက်မှတ်ရောင်းအားကျဆင်းနေပြီး စူပါစတားတွေမြှုပ်နေချိန်မှာ ခင်ပွန်းဖြစ်သူရဲ့အိမ်မှာ အိမ်သာမရှိလို့ ခင်ပွန်းကိုစွန့်ခွာလာတဲ့ အသစ်စက်စက် အိမ်ရှင်မ ဂျာယာရဲ့ ဇာတ်လမ်းဟာ လျှမ်းလျှမ်းတောက်အောင်မြင်နေပါတယ်။ သူ့အိမ်မှာ အိမ်သာရှိတဲ့ ဂျာယာက သူ လက်ထပ်ပြီးနေရမယ့်အိမ်မှာ အိမ်သာမရှိတာကြောင့်ဒေါသထွက်ခဲ့ပါတယ်။ အနောက်တိုင်းပရိသတ်တွေကတော့ ဇာတ်လမ်းတစ်ကွက်ကြောင့် အလန့်တကြားဖြစ်သွားပါလိမ့်မယ်။ မင်္ဂလာဆောင် ပြီးပြီးချင်း ဂျာယာကိုရွာကအမျိုးသမီးတွေကသူတို့ရဲ့ ညစဉ်လုပ်ဆောင်နေကျလိုတာ ပါတီထဲပါဝင်ဖို့ဖိတ်ခေါ်ခဲ့ကြပါတယ်။
အမျိုးသမီးတွေဟာ ညဘက်ရောက်ရင် ကွင်းထဲကိုသွားပြီး အလေးစွန့်ချိန်မှာလိုတာလို့ခေါ်တဲ့ ရေအိုးတွေကိုသယ်ဆောင်သွားပြီး ကိစ္စပြီးရင်သူတို့ ကိုယ်သူတို့သန့်ရှင်းရေးလုပ်ကြပါတယ်။ နင့်အကျင့်အကုန်လုံးကိုထားခဲ့ပြီး ကိစ္စပြီးအောင်လုပ်စမ်းပါလို့ အမျိုးသမီးတစ်ယောက်ကစိတ်မပါတဲ့ဂျာယာကို တိုက်တွန်းပါတယ်။လေဟာပြင်မှာ အမျိုးသမီးတွေအလေးစွန့်တာကြောင့် မုဒိမ်းကျင့်ခံရမယ့် အလားအလာရှိတဲ့နိုင်ငံတစ်ခုမှာ အမျိုးသမီးတွေအနေနဲ့ကိစ္စဆောင်ရွက် ဖို့အတွက် အတူစုဖွဲ့ပြီးသွားတာဟာ အိန္ဒိယပရိသတ်အတွက်တော့ အံ့ဩစရာမရှိပါဘူး။ သည်ကားရဲ့ ခေါင်းဆောင်မင်းသား ဘောလိဝုဒ်မီဂါကြယ်ပွင့် အက်ရှ်ဟေးကူးမားက အိမ်သာကျင်းတစ်ခုတူးခြင်းဖြင့် ရုပ်ရှင်အရောင်းမြှင့်တင်ရေး ခရီးစဉ်ကိုစတင်ခဲ့ပါတယ်။ သည်ကားက ဘောလိဝုဒ်ကားတွေမှာ ပါနေကျပုံစံမဟုတ်ပေမဲ့ သည်ခေါင်းစဉ်ဟာ လေဟာပြင်မှာအလေးစွန့်တဲ့ ပြဿနာကို ပြတ်ပြတ်သားသား သိရှိကြတဲ့ အိန္ဒိယနိုင်ငံသားတွေအတွက်အကျိုးဖြစ်ထွန်းစေနိုင်တဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးနဲ့လည်း အထူးသက်ဆိုင်နေပါတယ်။ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက သန့်ရှင်းတဲ့အိန္ဒိယဆိုတဲ့ ထင်ရှားတဲ့ အစိုးရလှုပ်ရှားမှုတစ်ရပ်ကို လုပ်ဆောင်နေပါတယ်။ အဲသည်လှုပ်ရှားမှုထဲမှာ နိုင်ငံတစ်ဝန်း အိမ်သာတည်ဆောက်ရေးလုပ်ငန်းပါဝင်ပြီး သုံးနှစ်အတွင်း အိမ်သာ ၄၅ သန်း တည်ဆောက်ဖို့ဖြစ်ပါတယ်။သည်လိုကြိုးပမ်းမှုရှိပေမဲ့ ကျေးလက်နေအိန္ဒိယနိုင်ငံသား ၅၀ရာခိုင်နှုန်းကျော် လူသန်း ၅၀ဝလောက်က လေဟာပြင်မှာအလေးစွန့်ဆဲဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယမြို့ကြီးတွေလည်းမကျန်ပါဘူး။
မြို့ပြနေသူ ၇့ ၅ရာခိုင်နှုန်းဟာ လေဟာပြင်ထဲမှာ အပေါ့အလေးစွန့်ဆဲဖြစ်ပါတယ်။ဝေဖန်သူတွေက ရုပ်ရှင်ကိုရောထွေးသုံးသပ်ကြပြီး လူအများက ဒါဟာ မိုဒီအစိုးရအတွက် ဝါဒဖြန့်ချိရေးလို့ ပြောကြပါတယ်။ ပရိသတ်တွေ ကတော့ ဒါကိုအမှုထားပုံမပေါ်ပါဘူး။ ရုပ်ရှင်ဒါရိုက်တာနဲ့ အယ်ဒီတာ ရှရီနာရာယန်ဆင်းကလည်း သည်အတိုင်းပါပဲ။ ဒီကားကတစ်နိုင်ငံလုံး အ တိုင်းအတာနဲ့ ပြဿနာတစ်ခုကို ဖြေရှင်း ပေးပြီး မှန်ကန်တဲ့လမ်းကြောင်းကနေသွားဖို့ခြေလှမ်းတစ်လှမ်းပါ၊ လူတွေရဲ့ထင်မြင်ချက်ကသက်သေ ကောင်းကောင်းပြပြီးပြီထင်ပါတယ်။
Credit : kumudranews